Trending Now

အင္းေတာ္ႀကီးဘုရားပြဲေဈး၌ ေရာင္းခ်ခြင့္မျပဳေသာ အရက္ဘီယာမ်ား သိမ္​းဆည္​း

Spread the love

အင္းေတာ္ႀကီးဘုရားပြဲေဈး၌ ေရာင္းခ်ခြင့္မျပဳေသာ အရက္ဘီယာမ်ား သိမ္​းဆည္​း

EPN

အင္​း​ေတာ္​ႀကီး၊ မတ္ ၁၃

ကခ်င္​ျပည္​နယ္​၊ မိုးညႇင္​းခရိုင္​၊ အင္းေတာ္ႀကီးေဒသ၊ နန္​႔ပတဲ​ေက်း႐ြာ ​ေရႊမၪၨဴ ေရလယ္ဘုရားပြဲ​ေတာ္၌ မတ္​(၁၃)ရက္​​ေန႔၊ ည​ေန(၄)နာရီအခ်ိန္​က ပြဲေကာ္မတီအဖြဲ႕မွ ေရာင္းခ်ခြင့္မျပဳေသာ အရက္ဘီယာမ်ား ရွာေဖြ​ေတြ႕ရွိခဲ့သျဖင္​့သိမ္​းဆည္​းမႈျပဳလုပ္​ခဲ့​ေၾကာင္​းသိရသည္​။

ပြဲေကာ္မတီမွ ထုတ္ျပန္ထားေသာ အရက္ဘီယာ မေရာင္းခ်ရ။ ေၾကာ္ျငာ ဆိုင္းဘုတ္ေထာင္ျခင္းမျပဳရ စေသာ စည္းကမ္းသတ္မွတ္ခ်က္အရ ပြဲခင္းအတြင္​းရိွ စားေသာက္ဆိုင္ခန္းမ်ားသို႔ အင္းေတာ္ႀကီးၿမိဳ႕အုပ္ခ်ဳပ္ေရးမွဴး ဦးစံေရႊျမင့္ႏွင့္ အင္းပတ္လည္ လံုးတံု၊နန္႔မြန္း၊မိုင္းေနာင္ ရာအိမ္မွဴးမ်ား၊ ဆယ္အိမ္မွဴးမ်ား ၊လံုးတံုရဲစခန္းမွတာဝန္က်ရဲတပ္ဖြဲ႕မ်ား၊ မီးသတ္တပ္​ဖြဲ႕မွဝန္ရိွသူမ်ား လိုက္ပါလွ်က္ အရက္ဘီယာ ႏွင့္ပတ္သက္သည္​့ယစ္မ်ဳိး စားေသာက္ကုန္မ်ားကို လွည့္လည္စစ္ေဆးခဲ့သည္​။
ယင္​းသို႔စစ္​​ေဆးရာ ယခုလက္ရိွ စားေသာက္ဆိုင္(၄)ဆိုင္တို႔မွ ေတြ႕ရိွေသာ ျမန္မာဘီယာပုလင္​း(၆၆​)လံုး၊ ABCတံဆိပ္​အရက္​ဘီယာ(၃၂)ဗူး၊ စပိုင္​ဝိုင္​-နက္​(၃၃)ဗူး၊ Dagonဘီယာ(၂၇)ဗူး သိမ္းဆည္းခဲ့​ေၾကာင္​းပြဲ​ေကာ္​မတီထံမွသိရသည္​။

“ပထမအႀကိမ္အျဖစ္​သတိေပးျခင္း ျပဳလုပ္တဲ့အေနနဲ႔ ပြဲၿပီးရင္ ပိုင္ရွင္ကိုျပန္ေပးမယ္-ပြဲေတာ္ရက္အတြင္း ဒုတိယအႀကိမ္ ထပ္မံရွာေဖြလို႔ ေတြ႕ရိွပါက ယစ္မ်ိဳးဥပေဒအရ အေရးယူသြားမယ္​´´ဟု အင္းေတာ္ႀကီးၿမိဳ႕အုပ္ခ်ဴပ္ေရးမွဴးဦးစံေရႊျမင့္ကေျပာသည္​။

ယခင္​ႏွစ္​မ်ားကက်င္​းပျပဳလုပ္​ခဲ့​ေသာ ​ေရႊမဥၨဴ​ေရလယ္​ဘုရားပြဲတြင္​ စား​ေသာက္​ဆိုင္​မ်ား၌ အရက္ဘီယာမ်ား​ေရာင္​းခ်မႈမ်ားရွိခဲ့​ေသာ္​လည္​း ယခုႏွစ္​တြင္​မူအရက္ဘီယာမ်ား​ေရာင္​းခ်ျခင္​းကိုခြင္​့မျပဳဘဲယခုလိုသိမ္​းဆည္​းခဲ့သျဖင္​့ဆယ္​ႏွစ္​​ေက်ာ္​ၾကာအင္းေတာ္ႀကီးပြဲ၌စားေသာက္ဆိုင္ဖြင့္​လွစ္​ေရာင္​းခ်ခဲ့သူမ်ားကယခုႏွစ္​ပြဲ​ေတာ္​၌ အျမတ္​မရရွိဘဲအရံႈး​ေပၚမည္​ကိုစိုးရိမ္​​ေနၾကရသည္​ဟုဆိုသည္​။

“ယခု အရက္ဘီယာ ဖမ္းတယ္ဆိုေတာ့ ပြဲေဈးဆိုင္ခန္းခေတာင္ ကာမိပါ့မလား မသိဘူး၊ အရက္ဘီယာနဲ႔တြဲၿပီး စားေသာက္ဆိုင္ အျဖစ္ ေရာင္းခ်ခ်င္လို႔ ဆိုင္ႀကီးဆိုင္တစ္ဆိုင္စာ(၅) သိန္းေက်ာ္အကုန္အက်ခံၿပီး ဆိုင္ခန္းခေတြေဈးႀကီးေပးဝယ္ၿပီးလာေရာင္းၾကတာေလ၊ မေရာင္းနဲ႔ ေရာင္းလို႔ ေတြ႕ရင္ ဖမ္းမယ္ဆိုေတာ့ ဒီႏွစ္အျမတ္ကိုမတြက္ဘူး အရင္းျပန္ရရင္ေတာင္ ကံေကာင္းဘဲ´´ ဟု အရက္ဘီယာႏွင့္တြဲဖက္ ၍ စားေသာက္ဆိုင္အျဖစ္ လာေရာက္ ေရာင္းခ်သူ ဟိုပင္ၿမိဳ႕ မွ ေဒၚသီတာခိုင္က​ေျပာသည္​။

အင္​း​ေတာ္​ႀကီး​ေရႊမဥၨဴ​ေရလယ္​ဘုရား ပြဲေတာ္ျဖစ္ေျမာက္ေရးေကာ္မတီ၏ ထုတ္ျပန္ခ်က္တြင္ပါရိွေသာ အရက္ဘီယာ မေရာင္းခ်ရ ယစ္မ်ဳိးကုန္ပစၥည္း ႏွင့္ ပတ္သက္ေသာ ေၾကာ္ျငာဆိုင္းဘုတ္မ်ား ကပ္ျခင္း မျပဳလုပ္ရ​ေတြ႕ရိွပါက ပြဲေတာ္ျဖစ္ေျမာက္ေရး ေကာ္မတီမွ အေရးယူသြားမည္ဆိုသည္​့ႏိႈး​ေဆာ္စာမ်ားကို ပြဲမက်င္​းပမီယခုႏွစ္​မတ္(၈)ရက္ေန႔က ျဖန္႔ေဝ ေၾကာ္ျငာထားၿပီး ျဖစ္ေၾကာင္း အင္းေတာ္ႀကီးၿမိဳ႕ အုပ္ခ်ဳပ္ေရးမွဴးဦးစံေရႊ ျမင့္ထံမွသိရသည္။

အင္​း​ေတာ္​ႀကီး​ေရႊမဥၨဴ​ေရလယ္​ဘုရား ပြဲေတာ္ကို မတ္​(၁၃)ရက္​မွ မတ္​(၂၀)​ရက္​​ေန႔အထိစည္​ကားသိုက္​ၿမိဳက္​စြာက်င္​းပျပဴလုပ္​သြားမည္​ဟုသိရသည္​။

မိုးျမင့္
———————————-

အင်းတော်ကြီးဘုရားပွဲဈေး၌ ရောင်းချခွင့်မပြုသော အရက်ဘီယာများ သိမ်းဆည်း

EPN

အင်းတော်ကြီး၊ မတ် ၁၃

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ အင်းတော်ကြီးဒေသ၊ နန့်ပတဲကျေးရွာ ရွှေမဉ္ဇူ ရေလယ်ဘုရားပွဲတော်၌ မတ်(၁၃)ရက်နေ့၊ ညနေ(၄)နာရီအချိန်က ပွဲကော်မတီအဖွဲ့မှ ရောင်းချခွင့်မပြုသော အရက်ဘီယာများ ရှာဖွေတွေ့ရှိခဲ့သဖြင့်သိမ်းဆည်းမှုပြုလုပ်ခဲ့ကြောင်းသိရသည်။

ပွဲကော်မတီမှ ထုတ်ပြန်ထားသော အရက်ဘီယာ မရောင်းချရ။ ကြော်ငြာ ဆိုင်းဘုတ်ထောင်ခြင်းမပြုရ စသော စည်းကမ်းသတ်မှတ်ချက်အရ ပွဲခင်းအတွင်းရှိ စားသောက်ဆိုင်ခန်းများသို့ အင်းတော်ကြီးမြို့အုပ်ချုပ်ရေးမှူး ဦးစံရွှေမြင့်နှင့် အင်းပတ်လည် လုံးတုံ၊နန့်မွန်း၊မိုင်းနောင် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ ၊လုံးတုံရဲစခန်းမှတာဝန်ကျရဲတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့မှဝန်ရှိသူများ လိုက်ပါလျှက် အရက်ဘီယာ နှင့်ပတ်သက်သည့်ယစ်မျိုး စားသောက်ကုန်များကို လှည့်လည်စစ်ဆေးခဲ့သည်။

ယင်းသို့စစ်ဆေးရာ ယခုလက်ရှိ စားသောက်ဆိုင်(၄)ဆိုင်တို့မှ တွေ့ရှိသော မြန်မာဘီယာပုလင်း(၆၆)လုံး၊ ABCတံဆိပ်အရက်ဘီယာ(၃၂)ဗူး၊ စပိုင်ဝိုင်-နက်(၃၃)ဗူး၊ Dagonဘီယာ(၂၇)ဗူး သိမ်းဆည်းခဲ့ကြောင်းပွဲကော်မတီထံမှသိရသည်။

“ပထမအကြိမ်အဖြစ်သတိပေးခြင်း ပြုလုပ်တဲ့အနေနဲ့ ပွဲပြီးရင် ပိုင်ရှင်ကိုပြန်ပေးမယ်-ပွဲတော်ရက်အတွင်း ဒုတိယအကြိမ် ထပ်မံရှာဖွေလို့ တွေ့ရှိပါက ယစ်မျိုးဥပဒေအရ အရေးယူသွားမယ်´´ဟု အင်းတော်ကြီးမြို့အုပ်ချူပ်ရေးမှူးဦးစံရွှေမြင့်ကပြောသည်။

ယခင်နှစ်များကကျင်းပပြုလုပ်ခဲ့သော ရွှေမဉ္ဇူရေလယ်ဘုရားပွဲတွင် စားသောက်ဆိုင်များ၌ အရက်ဘီယာများရောင်းချမှုများရှိခဲ့သော်လည်း ယခုနှစ်တွင်မူအရက်ဘီယာများရောင်းချခြင်းကိုခွင့်မပြုဘဲယခုလိုသိမ်းဆည်းခဲ့သဖြင့်ဆယ်နှစ်ကျော်ကြာအင်းတော်ကြီးပွဲ၌စားသောက်ဆိုင်ဖွင့်လှစ်ရောင်းချခဲ့သူများကယခုနှစ်ပွဲတော်၌ အမြတ်မရရှိဘဲအရှုံးပေါ်မည်ကိုစိုးရိမ်နေကြရသည်ဟုဆိုသည်။

“ယခု အရက်ဘီယာ ဖမ်းတယ်ဆိုတော့ ပွဲဈေးဆိုင်ခန်းခတောင် ကာမိပါ့မလား မသိဘူး၊ အရက်ဘီယာနဲ့တွဲပြီး စားသောက်ဆိုင် အဖြစ် ရောင်းချချင်လို့ ဆိုင်ကြီးဆိုင်တစ်ဆိုင်စာ(၅) သိန်းကျော်အကုန်အကျခံပြီး ဆိုင်ခန်းခတွေဈေးကြီးပေးဝယ်ပြီးလာရောင်းကြတာလေ၊ မရောင်းနဲ့ ရောင်းလို့ တွေ့ရင် ဖမ်းမယ်ဆိုတော့ ဒီနှစ်အမြတ်ကိုမတွက်ဘူး အရင်းပြန်ရရင်တောင် ကံကောင်းဘဲ´´ ဟု အရက်ဘီယာနှင့်တွဲဖက် ၍ စားသောက်ဆိုင်အဖြစ် လာရောက် ရောင်းချသူ ဟိုပင်မြို့ မှ ဒေါ်သီတာခိုင်ကပြောသည်။

အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရား ပွဲတော်ဖြစ်မြောက်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင်ပါရှိသော အရက်ဘီယာ မရောင်းချရ ယစ်မျိုးကုန်ပစ္စည်း နှင့် ပတ်သက်သော ကြော်ငြာဆိုင်းဘုတ်များ ကပ်ခြင်း မပြုလုပ်ရတွေ့ရှိပါက ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ အရေးယူသွားမည်ဆိုသည့်နှိုးဆော်စာများကို ပွဲမကျင်းပမီယခုနှစ်မတ်(၈)ရက်နေ့က ဖြန့်ဝေ ကြော်ငြာထားပြီး ဖြစ်ကြောင်း အင်းတော်ကြီးမြို့ အုပ်ချုပ်ရေးမှူးဦးစံရွှေ မြင့်ထံမှသိရသည်။

အင်းတော်ကြီးရွှေမဉ္ဇူရေလယ်ဘုရား ပွဲတော်ကို မတ်(၁၃)ရက်မှ မတ်(၂၀)ရက်နေ့အထိစည်ကားသိုက်မြိုက်စွာကျင်းပပြူလုပ်သွားမည်ဟုသိရသည်။

မိုးမြင့်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။