Trending Now

ဧရာဝတီတိုင်းမှာ ယခုလ ၁၅ ရက်အတွင်း လုယက် လူသတ်မှု ၂ ကြိမ်နဲ့ သေနတ်နဲ့ပစ်သတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ရ

Spread the love

ဧရာဝတီတိုင်းမှာ ယခုလ ၁၅ ရက်အတွင်း လုယက် လူသတ်မှု ၂ ကြိမ်နဲ့ သေနတ်နဲ့ပစ်သတ်မှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ရ

 

EPN

ပုသိမ် ၊ သြဂုတ် ၁၆

ဧရာဝတီတိုင်အတွင်းက မြို့နယ်များတွင် ယခုလ ၁၅ ရက် အတွင်းလုယက်လူသတ်မှု ၂ ကြိမ်နှင့်သေနတ်ဖြင့် ပစ်သတ်ခံရမှု ၂ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၄ ဦးသေဆုံးခဲ့ရ ကြောင်း ဒေသခံလုံခြုံရေးတာဝန်ရှိသူများထံမှ သိရသည်။

“ပစ္စည်းတွေယူ လူကိုသတ်သွားတဲ့အမှုတွေက ပုသိမ်မြို့နယ်နဲ့ ကြံခင်းမြို့နယ်မှာဖြစ်တာပါ၊ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ဖြစ်စဉ်က မြန်အောင်မြို့နယ်နဲ့ ဟင်္သာတမြို့နယ်မှာဖြစ်တာပါ ၊ ဖြစ်စဉ် ၄ ကြိမ်မှာ လူ ၄ ယောက်သေဆုံးသွားခဲ့ရပါတယ် ၊ပစ္စည်းလုယူသတ်တာတွေ ခပ်စိတ်စိတ်ဖြစ်လာလို့ သတိထားလုပ်ကိုင်နေထိုင် ကြဖို့ ပြောချင်တယ် ၊သတ်ပြီးပစ္စည်းလုယက်ခံရတာက အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦး ၊ သေနတ်နဲ့ ပစ်သတ်ခံရတာလည်း အမျိုးသား ၁ ဦး နဲ့ အမျိုးသမီး ၁ ဦးပဲဖြစ်တယ်၊ သက်ဆိုင်ရာဘက်ကတော့လုံခြုံရေး လုပ်ငန်းတွေကိုတိုးမြှင့်ဆောင်ရွက်နေတယ်”ဟု လုံခြုံရေးတာဝန်ရှိသူတစ်ဦးကပြောသည်။

ဧရာဝတီတိုင်းအတွင်း သြဂုတ် ၁ ရက်မှ ယနေ့ ၁၅ ရက် အထိ ၁၅ ရက်အတွင်း မြန်အောင်မြို့နယ် ၊ညင်ငူကျေးရွာမှ ကွမ်းယာရောင်းနေသည့် အမျိုးသမီး ၁ ဦးနှင့် ဟင်္သာတမြို့နယ်၊ရှားခဲတိုက်နယ်မှ အမျိုးသား ၁ ဦးတို့သေနတ်ဖြင့်ပစ်သတ်ခံခဲ့ရပြီး ပုသိမ်မြို့ အမှတ်(၄) ရပ်ကွက်ပြည်တော်သာမှရှေ့နေဦးဖြိုးသွင်နှင့် ကြံခင်းမြို့နယ်မကျီးပင်ကွင်းဒေါင့်ကျေးရွာမှဒေါ်ခင်ဆွေ မြင့်ဆိုသူတို့ ၂ ဦးမှာ ရိုက်သတ်ခံရပြီး၎င်းတို့ပစ္စည်းများ လုယက်ခံခဲ့ရကြောင်း သိရသည်။

”ပုသိမ်က တရားလွှတ်တော်ရှေ့နေဦးဖြိုးသွင်က အိမ်မှာ တစ်ယောက် ထဲနေရင်း အသတ်ခံရတာ ပိုက်ဆံနဲ့ ဖုန်းတွေ လုယက်ခံခဲ့ရတာ ၊ ကြံ့ခင်းက အစ်မက သူ့ရဲ့ကလေးကျောင်း အကြိုသွားရင်း လမ်းမှာ ဒုတ်နဲ့ ရိုက်သတ်ခံရတာ ဆိုင်ကယ် နဲ့ဖုန်း ပိုက်ဆံတွေလည်း လုယက်ခံခဲ့ရတာ ၊ ပြည်သူတွေရဲ့ဘဝတွေက တစ်နေ့နဲ့ တစ်နေ့ မလုံခြုံတော့ပါဘူး၊ ပြည်သူတွေရဲ့ဘဝတွေ ပိုမို လုံခြုံမှုပေးဖို့လိုအပ်နေပြီလို့ယူဆတယ် ”ဟု ပရဟိတ လူမှုကူညီရေးဆောင်ရွက်နေသူ တစ်ဦးကပြောသည်။

အဆိုပါ လူသတ်မှုဖြစ်စဉ် ၄ ခုတွင် ပုသိမ်မြို့တွင် ဖြစ်ပွားခဲ့သည့် တရားလွှတ်တော်ရှေ့နေ ဦးဖြိုးသွင်အား သတ်ပစ္စည်းလုယက်ယူဆောင်သွားခဲ့သည့် တရားခံ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးကိုသာ သြဂုတ် ၇ ရက်က ဖမ်းဆီးထားနိုင်ခဲ့ကြောင်းသိရသည်။

ဧရာဝတီတိုင်းအတွင်း၊ ပြီးခဲ့သည့် ဇူလိုင်လ တစ်လ အတွင်းက ၊ ဘုန်းတော်ကြီး ၁ ပါးနှင့် ကပ္ပိယ ၁ ဦးကို ကျောင်းပေါ်တက်ပြီး ဓားဖြင့်ထိုးခုတ်သတ်ကာပစ္စည်း လုယက်ယူဆောင်သွားသည့်ဖြစ်စဉ် ၁ ခုဖြစ်ပွားခဲ့ ကြောင်း သိရသည်။

သူရ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။