Trending Now

တိုက်တန်းနစ် သင်္ဘောကို လေ့လာရေးခရီးစဉ်ထွက်ခဲတဲ့ ရေငုတ်သင်္ဘော ပေါက်ကွဲသွားလို့ လိုက်ပါသွားသူ အားလုံးသေဆုံး

Spread the love

တိုက်တန်းနစ် သင်္ဘောကို လေ့လာရေးခရီးစဉ်ထွက်ခဲတဲ့ ရေငုတ်သင်္ဘော ပေါက်ကွဲသွားလို့ လိုက်ပါသွားသူ အားလုံးသေဆုံး

EPN
နိုင်ငံတကာ၊ ဇွန် ၂၈

ပင်လယ်ပြင်အောက်မှာ နှစ်ပေါင်း ၁၀၀ ကျော် နှစ်မြုပ်နေတဲ့ တိုက်တန်းနစ် သင်္ဘောပျက်ကို လေ့လာဖို့ သွားရောက်ခဲ့တဲ့ ရေငုပ်ယာဉ် ပေါက်ကွဲပျက်စီးသွားခဲ့ပြီး လိုက်ပါသွားသူ ငါးဦးစလုံးသေဆုံးခဲ့ပါတယ်။

အမေရိကန်အခြေစိုက် Ocean Gate Expedition ကုမ္ပဏီပိုင် ရေအောက်စူးစမ်းလေ့လာရေး တိုင်တန်ရေငုပ်သင်္ဘောဟာ ဇွန်လ ၁၈ ရက်နေ့က တိုက်တန်းနစ်သင်္ဘောပျက်ကို ကြည့်ရှုဖို့အတွက် ရေအောက်ဆင်းသွားခဲ့ပြီး ၁ နာရီ ၄၅ မိနစ်မှာ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာဖြစ်ပါတယ်။

Ocean Gate Expedition ကုမ္ပဏီ စီအီးအို အပါအဝင် ဘီလီယံနာ ၅ ဦးပါလိုက်ပါသွားတဲ့ တိုက်တန်ရေငုတ်သေင်္ဘာကို နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့ပေါင်းစုံအပြင် အမေရိကန်နဲ့ ကနေဒါရေတပ်တို့က ၅ ရက်ကြာ ရှာဖွေမှုပြုလုပ်ခဲ့ရပြီး ဇွန် ၂၂ ရက်နှောင်းပိုင်းမှာ ရေငုပ်ယာဉ် အပျက်အစီးစတွေကို တိုက်တန်းနစ် နစ်မြုပ်သင်္ဘောနဲ့ ပေ ၁၆၀၀ အကွာ၊ ပင်လယ်ရေမျက်နှာပြင်ကနေ အနက် ၂ မိုင်ခွဲမှာ တွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။

ပင်လယ်ကြမ်းပြင် ပေ ၁၂,၄၀၀ မှာ နစ်မြုပ်နေတဲ့ တိုက်တန်းနစ် သင်္ဘောပျက်အနီးမှာ ပေါက်ကွဲ ပျက်စီးသွားတဲ့ ရေငုတ်သင်္ဘောရဲ့ အပိုင်းအစတွေကို တွေ့ရှိခဲ့ပေမယ့် လိုက်ပါသွားသူ ၅ ဦးရဲ့ အလောင်းတွေကိုတော့ ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး ဘာကြောင့် ပေါက်ကွဲရသလဲဆိုတဲ့ အဖြေကိုပါ ထုတ်ဖော်ဖို့ ကျွမ်းကျင်သူတွေဟာ ဆယ်ယူရေး လုပ်ငန်းတွေ ဆက်လက် လုပ်ဆောင်နေကြပါတယ်။

Ref; bangkokpost

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။