Trending Now

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ထွက်ခဲ့တဲ့ တရုတ်နိုင်ငံ

Spread the love

အနောက်နိုင်ငံတွေရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုကြောင် ဒေါ်လာ ဘီလီယံပေါင်းများစွာ အမြတ်ထွက်ခဲ့တဲ့ တရုတ်နိုင်ငံ

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၁၁

ရုရှား၊ အီရန်နဲ့ ဗင်နီဇွဲလားအပါအဝင် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုအောက်မှာရှိတဲ့ နိုင်ငံတွေက ရေနံကို တရုတ်နိုင်ငံက စံချိန်တင်ဝယ်ယူခဲ့တာကြောင့် ၂၀၂၃ ခုနှစ်အတွင်းမှာ ဒေါ်လာ ၁၀ ဘီလီယံနီးပါး အမြတ်ထွက်ခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

အဆိုပါဖြစ်စဉ်ဟာ အနောက်နိုင်ငံတွေက ချမှတ်ထားတဲ့ ပိတ်ဆို့မှုတွေရဲ့ မလိုလားအပ်တဲ့ အကျိုးဆက်တွေဖြစ်ပြီး တရုတ်နိုင်ငံက ရေနံနဲ့ ဓာတ်ဆီသန့်စင်တဲ့ လုပ်ငန်းရှင်တွေအတွက် ကုန်ကျစာရိတ်ကို လျော့ချနိုင်ခဲ့တဲ့အပြင် အမြတ်အစွန်းများစွာ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ ရေနံဝယ်ယူမှုဟာ ပိတ်ဆို့အရေးယူမှုတွေကြောင့် စီးပွားရေးထိခိုက်မှုနဲ့ ကြုံတွေ့နေရတဲ့ အဆိုပါနိုင်ငံတွေအတွက်လည်း အရေးကြီးတဲ့ ဝင်ငွေအရင်းမြစ်ကို ထောက်ပံ့ပေးနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါဒဏ်ခတ်ပိတ်ဆို့ထားတဲ့ နိုင်ငံတွေကနေ တရုတ်ရဲ့ တင်သွင်းမှုဟာ ၂၀၂၃ ခုနှစ်မှာ စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့ပြီး ဇန်နဝါရီကနေ စက်တင်ဘာလအတွင်း စုစုပေါင်း ရေနံတင်သွင်းမှုရဲ့ ၂၅ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ဆိုပါတယ်။

တရုတ်နိုင်ငံဟာ ၂၀၂၃ ခုနှစ် ပထမကိုးလအတွင်း အီရန်၊ ရုရှားနဲ့ ဗင်နီဇွဲလားတို့ကနေ ပင်လယ်ရေကြောင်းမှ တစ်ဆင့် တစ်နေ့ကို ရေနံစိမ်းစည် ၂.၇၆၅ သန်း စံချိန်တင် တင်သွင်းခဲ့တယ်လို့ ရိုက်တာက ဖော်ပြထားပါတယ်။

ဒီတင်သွင်းမှုတွေက တရုတ်နိုင်ငံရဲ့စီးပွာရေးအကျပ်အတည်းကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့ ပုဂ္ဂလိက ရေနံသန့်စင်လုပ်ငန်းရှင်တွေကိုလည်း ကြီးမားတဲ့ သက်ရောက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။

အထူးသဖြင့် ရှန်ဒေါင်းပြည်နယ်မျာရှိတဲ့ ရေနံသန့်စင်စက်ရုံတွေဟာ လျော့ဈေးနဲ့ ရရှိတဲ့ ရေနံတွေကြောင့် လုပ်ငန်းလည်ပတ်နိုင်မှုကို ၆၀ ရာခိုင်နှုန်းကျော် တိုးမြှင့်နိုင်ခဲ့သလို အမြတ်အစွန်းများစွာလဲ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။