Trending Now

မိုးညှင်းမြို့ ပုညရှင်စက္ခုပါလ မျက်စိဆေးရုံတွင် Covid-19 Quaruntine ဝင်နေသူများ ကျန်းမာရေးအတွက် စုပေါင်းလေ့ကျင့်ခန်းပြုလုပ်

Spread the love

မိုးညှင်းမြို့ ပုညရှင်စက္ခုပါလ မျက်စိဆေးရုံတွင် Covid-19 Quaruntine ဝင်နေသူများ ကျန်းမာရေးအတွက် စုပေါင်းလေ့ကျင့်ခန်းပြုလုပ်

EPN
မိုးညှင်း၊ မေ ၁

ကချင်ပြည်နယ်၊ မိုးညှင်းမြို့၊ ပုညရှင်စက္ခုပါလ မျက်စိဆေးရုံတွင် Covid-19 Quarantine ဝင်ရောက်နေသူများကျန်းမာရေးကောင်းမွန်စေရန်အတွက် မေလ(၁)ရက်နေ့ နံနက် (၇)နာရီအချိန်က စုပေါင်း၍ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းများ ပြုလုပ်ခဲ့ကြကြောင်း သိရသည်။

“ဒီမှာ Covid-19 ရောဂါအတွက် ပုညရှင်စက္ခုပါလ ဆေးရုံမှာ Quarantine ဝင်ရောက်နေတဲ့ အမျိုးသား (၂၇)ဦး၊ အမျိုးသမီး (၁၃)ဦး၊ စုစုပေါင်း (၄၀)ဦးရှိပါတယ်။ သူတို့က အခန်းထဲမှာနေရတော့ လှုပ်ရှားမှုနည်းတဲ့အတွက် ကျန်းမာရေးထိခိုက်လာနိုင်တဲ့အတွက် ခရိုင် အား/ကာနဲ့ ညှိနှိုင်းပြီး အခုလိုကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်း ဆောင်ရွက်ပေးတာပါ။ နောက်ရက်တွေမှာလည်း အခုလိုဆက်လက်ဆောင်ရွက်သွားမှာပါ”ဟု မိုးညှင်းခရိုင်ဆေးရုံမှ ဒေါက်တာဖြူလေးဝေက ပြောသည်။

အဆိုပါ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းအား ခရိုင်အား/ကာ ဦးစီးမှူး ဒေါ်သက်သက်မာနှင့် ဝန်ထမ်းများက ဦးဆောင်ခဲ့ပြီး မိုးညှင်းမြို့တွင် Covid-19 ရောဂါအတွက် Quarantine ဝင်နေသည့် အရည်အတွက်မှာ ပုညရှင် စက္ခုပါလဆေးရုံတွင် (၄၀)ဦး၊ သင်္ဃမိတ္တာသီလရှင်စာသင်တိုက်တွင် (၁၇)ဦး၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း တွင် (၆)ဦး၊ စုစုပေါင်း (၆၃)ဦးရှိကြောင်း သိရသည်။

မင်္ဂလာဦး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။