Trending Now

မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားက ကားပြင်အလုပ်ရုံမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

Spread the love

မုံရွာမြို့ ချင်းတွင်းမြစ်ကူးတံတားက ကားပြင်အလုပ်ရုံမှာ လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိ

EPN
မုံရွာ ၊ စက်တင်ဘာ ၈

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ ၊ အလုံရပ်ကွက် ၊ ချင်းတွင်းမြစ်ကူးတံတားနားက ဇော်ဝင်း ကားပြုပြင်ရေး အလုပ်ရုံမှာ မနေ့ စက်တင်ဘာ ၇ ရက် နေ့လည်ပိုင်းက လက်နက်ခဲယမ်းတွေနဲ့ အတူ အကြမ်ဖက်သမား ၄ ဦးကို ဖမ်းဆီးရမိတယ်လို့ မုံရွာခရိုင် လုံခြုံရေး အသိုင်းအဝိုင်းဆီက သိရပါတယ်။

” လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကတော့ ကားဝပ်ရှော့ပိုင်ရှင် ကိုဇော်ဇော်အောင် ၊ ကိုမျိုးမင်းသန့် ၊ သန့်ဇင်ခန့် ၊နဲ့ အောင်ဝင်းဌေး တို့ဖြစ်တယ် ၊ သူတို့ဆီက သိမ်းဆီးရမိတဲ့ လက်နက်ခဲယမ်းတွေကတော့ M4 – 16 မောင်းပြန်ရိုင်ဖယ်သေနတ် ၁ လက် ၊ ကျည်အိမ် ၁ ခု ၊ ၄၀ မမ ဗုံးပစ်လောင်ဂျာ လက်လုပ် သေနတ် ၁ လက် ၊ ၁၂ ဗို့ ပြောင်းချော သေနတ် ၁ လက် ၊ လက်လုပ် သေနတ်အတို ၁ လက် ၊ အရှည် ၁ လက် ၊ ၅ ဒသမ ၅၆ ကျည်ဆံအမျိုးအစား ၁၂၈ တောင့် ၊ ၁၂ ဗို့ပြောင်းချောကျည်ဆံ ၁၁ တောင့် ၊ မှန်ပြောင်း ၁ ခု ၊ လမ်းလျှောက်စကားပြောစက် ၁ လုံး နဲ့ ဆက်စပ်ပစ္စည်းမျိုးစုံဖြစ်တယ် ” လို့ မုံရွာမြို့နယ် လုံခြုံရေး အသိုင်းအဝိုင်းက ပြောပါတယ်။

အဲ့ဒီ လက်နက်ခဲယမ်းတွေနဲ့အတူ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကို အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း လက်နက်ခဲယမ်းတွေ အခုဖမ်းမိတယ်ဆိုတဲ့ အလုံရပ်ကွက် သံလမ်းအနီးက နန်းဦးစားသောက်ဆိုင်ဟာ
အကြမ်းဖက်သမား ၄ ဦးက ဝင်ရောက်ကာဓားပြတိုက်ခဲ့တာကြောင့် သိန်း ၁၅၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

အဲ့ဒီအပြင် မုံရွာမြို့နယ် အလုံတပ်မြို့အထွက် ရေအိုစင် စစ်ဆေးရေး ဂိတ်မှာ ပြီးခဲ့တဲ့ သြဂုတ်လကလည်း ရန်ကုန်ကနေ ရေဦးမြို့ကိုသွားတဲ့ ခရီးသည်တင် Express ကားပေါ်က လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာ ဖြစ်ခဲ့ပါသေးတယ် ။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လက စစ်ကိုင်းမြို့ စစ်ကိုင်းတံတား ဂိတ်မှာ ခရီးသည်တင် ကားပေါ်မှာ ပစ်ခတ်မှုဖြစ်ပွားပြီးနောက် လက်နက်ခဲယမ်းတွေ ဖမ်းဆီးရမိတာရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။

သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။