Trending Now

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာ ပရဟိတကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှုဒါန်း

Spread the love

မြစ်ကြီးနားမြို့ ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ကျွန်းပင်သာ ပရဟိတကျောင်းတွင် နေ့ဆွမ်းဆက်ကပ်လှုဒါန်း

EPN
မြစ်ကြီးနား၊ ဖေဖော်ဝါရီ ၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ကျွန်းပင်သာရပ်ကွက်ရှိ ကျွန်းပင်သာပရဟိတကျောင်းတိုက်တွင် ကချင်အထူးဒေသ (၁) ဥက္ကဌ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးခင်မောင်ကျော်၊ ဦးယောယိန်း၊ ဦးတွမ်ပီချင်း၊ ဦးရဲလင်းထွန်း ဆက်ဆံရေးရုံး မိသားစုများမှ ယ‌နေ့ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာအခမ်းအနားတွင် ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးမှမိသားစုများက“နမောတသ”သုံကြိမ်ရွက်ဆိုကြပြီး ဆရာတော်များထံမှ ငါးပါးသီလနှင့် တရား‌တော်များကို ခံယူခဲ့ကြသည်။

ယင်းနောက်တွင် ဆရာတော်များကို နေ့ဆွမ်းကပ်လှူပူဇော်ခဲ့ကြပြီး ကျွန်းပင်သာပရဟိတကျောင်းမှ မိဘမဲ့ကျောင်းသားများ၊ တက်ရောက်ကြသည့် ဧည့်သည်တော်များကို နေ့လည်စာကျွေးမွေးခဲ့ကြောင်း သိရသည်။

ကချင်အထူးဒေသ(၁) ဆက်ဆံရေးရုံးမှ ကျွန်းပင်သာ ပရဟိတကျောင်းရှိ ဆရာတော်များနှင့် မိဘမဲ့ကျောင်းသားများအတွက် လပြည့်၊ လကွယ်‌နေ့များတွင်၊ နေ့ဆွမ်းတို့ကို ဆက်ကပ်လှူဒါန်းနေခြင်းဖြစ်ကြောင်း သိရသည်။

ဗညားနွဲ့


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။