Trending Now

မန္တလေးမြို့တွင် ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်ဝါယာကြိုး တက်ခိုးသည့် သူခိုး ဓာတ်လိုက်သေဆုံး

Spread the love

မန္တလေးမြို့တွင် ဓာတ်တိုင်ပေါ်တက်ပြီး လျှပ်စစ်ဝါယာကြိုး တက်ခိုးသည့် သူခိုး ဓာတ်လိုက်သေဆုံး

EPN
မြစ်ကြီးနား၊ စက်တင်ဘာ ၈

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံး ရပ်ကွက်၊ဇဇ-၇၊၅၄လမ်းနဲ့၁၀၇(D)လမ်း ဒေါင့်တွင် ယနေ့ စက်တင်ဘာလ ၈ရက် နံနက် ၂ နာရီခွဲခန့် က လမ်းဘေးဓာတ်တိုင်ပေါ်အထိတက်ပြီး လျှပ်စစ်ဝါယာကြိုးတက်ခိုးသည့် သူခိုးတစ်ဦး ဓာတ်လိုက်သေဆုံးခဲ့သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာလ၈ရက် နံနက် ၂နာရီခွဲခန့်က ချမ်းမြသာစည်မြို့နယ်၊ထွန်တုံး ရပ်ကွက်၊ဇဇ-၇၊၅၄လမ်းနဲ့၁၀၇(D)လမ်း ဒေါင့်တွင် အမျိုးသားတစ်ဦး ဓာတ်လိုက် သေဆုံးနေကြောင်း သတင်းရရှိသဖြင့် တာ ဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးနေသူမှာ ဇာနည်ဖြိုး(ခ)ဇာကြီး ဆိုသူ ဖြစ်ပြီး သေဆုံးနေသူအနီးတွင် ခန့်ကိုကို(ခ) အာလူး(အောင်ပင်လယ်ရပ်ကွက်၊ချမ်းမြသာစည်) အား ပလာယာ(၂)ခု၊ မီးကြိုးများနှင့်အတူ တွေ့ရှိရသဖြင့် စစ်ဆေးမေးမြန်းခဲ့ရာ ၎င်းတို့နှစ်ဦးသည် လမ်းဘေးဓါတ် တိုင်ပေါ်မှ လျှပ်စစ်မီးကြိုးများအား ခိုးယူရန်အတွက် ရောက်ရှိလာပြီး သေဆုံးသူ ဇာနီဖြိုး(ခ)ဇာကြီးမှ ဓါတ်တိုင်ပေါ်သို့တက်၍ မီးကြိုးများအား ဖြုတ်ခိုးယူနေစဉ် ဓါတ်လိုက် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် သေဆုံးသွားသူ၏ ရုပ်အလောင်း ကို နှလုံးလှဖြူစင်နာမှုကူညီရေးယာဉ်ဖြင့် မန္တလေး ပြည့်သူဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ပြီး ခန့်ကိုကို(ခ)အာလူးအား ဥပဒေနှင့် အညီ အမှုဖွင့်အရေးယူဆောင်ရွက်သွားရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။