Trending Now

မုံရွာ – မန္တလေး ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ ကလေးငယ် တစ်ဦး အပါအဝင် ခရီးသွား ၃ ဦး ဒဏ်ရာ

Spread the love

မုံရွာ – မန္တလေး ကားလမ်းမှာ ပေါက်ကွဲမှုဖြစ်ပွားလို့ ကလေးငယ် တစ်ဦး အပါအဝင် ခရီးသွား ၃ ဦး ဒဏ်ရာ

EPN
မုံရွာ ၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ညမင်းရွာအနီး မုံရွာ မန္တလေး ကားလမ်းမှာ မနေ့ နိုဝင်ဘာ ၁၉ ရက်နေ့က ပေါက်ကွဲမှုဖြစ်ပွားပြီး ခရီးသွား လူ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနက်ပိုင်း ၁၁ နာရီဝန်းကျင်မှာ ပေါက်ကွဲတာပါ ၊ ချောင်းဦးမြို့ကနေ မုံရွာမြို့ဘက်ကို ဦးတည်မောင်းနင်လာတဲ့ ဆိုင်ကယ်ကို မိုင်းစထိမှန်ပြီး ဆိုင်ကယ်ပေါ်မှာ လိုက်ပါလာတဲ့ ခရီးသွား ပြည်သူ ၃ ဦး မိုင်းစထိမှန် ဒဏ်ရာရတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမားတယောက်က ပြောပါတယ်။

အဲ့ဒီ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး မုံရွာမြို့နယ် လုံခြုံရေး အဖွဲ့နဲ့ နီးစပ်သူ တယောက်က
” မင်းရွာနားက မုံရွာ မန္တလေး ကားလမ်းမှာဖြစ်တာပါ ၊ အကြမ်းဖက်သမားတွေ ထောင်ထားတဲ့ လက်လုပ်မိုင်း ပေါက်ကွဲပြီး ဒေါ်သီသီဝင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ကို ထိမှန်တယ် ၊ ၇ လသားအရွယ် မောင်ဟိန်းမင်းခန့် အပါအဝင် ခရီးသွား လူ ၃ ဦး ထိခိုက်ဒဏ်ရာရတယ် ၊ နယ်မြေရှင်းလင်းရေးတွေ လုပ်ဆောင်နေပါတယ် ” လို့ ပြောပါတယ်။

ဒါ့အပြင် အများပြည်သူ ဝင်ထွက်သွားလာနေတဲ့ ဥဒဟိုလမ်းမကြီးပေါ်မှာ ပေါက်ကွဲမှုဖြစ်ပွားအောင် ပြစ်မှုကျူးလွန်သူတွေကို မုံရွာမြို့နယ်ရဲတပ်ဖွဲ့က အမှုဖွင့် စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုင်ဝင်ဘာ ၁၂ ရက်ကလည်း စစ်ကိုင်းတိုင်း ၊ မုံရွာမြို့နယ် ၊ မအူကျေးရွာအနီး မုံရွာ – မန္တလေး ကားလမ်းမှာ ပေါက်ကွဲမှုတခုဖြစ်ပွားပြီး လူ ၁ ဦးသေဆုံး ပြီး အသက် ၂ နှစ် ၃ လအရွယ် ကလေး တစ်ဦးအပါအဝင် လူ ၂ ဦး ဒဏ်ရာရတာတွေဖြစ်ခဲ့တယ်လို့ မုံရွာမြို့ခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

အဲ့ဒါကြောင့် မုံရွာ မန္တလေး ကားလမ်းမှာ ၁ ပတ်အတွင်း မိုင်း၂ ကြိမ်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦးအပါအဝင် ခရီးသွား ပြည်သူ ၅ ဦး ဒဏ်ရာရကာ လူ ၁ ဦး သေဆုံးခဲ့တာဖြစ်ပါတယ်။

သွန်းသွန်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။