Trending Now

မြန်မာ့ကျောက်မျက်ရတနာအရောင်းဆိုင်များတွင် ရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါများအား အသစ်သွန်းလောင်း၍ ယခင်ပုံစံဟောင်း ရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးနေ

Spread the love

မြန်မာ့ကျောက်မျက်ရတနာအရောင်းဆိုင်များတွင် ရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါများအား အသစ်သွန်းလောင်း၍ ယခင်ပုံစံဟောင်း ရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးနေ

EPN
နေပြည်တော်၊ ဇန်နဝါရီ ၇

မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များတွင် ရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါး များအား အသစ်သွန်းလောင်း၍ ယခင် ပုံစံဟောင်း ရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးလျက်ရှိကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်း အမှတ်အဖြစ် တစ်ကျပ်သား ရွှေဒင်္ဂါးနှင့် ငါးမူးသားရွှေဒင်္ဂါးများအား အသစ်သွန်းလောင်း၍ ဇန်နဝါရီလ ၅ ရက် နေ့မှစ၍ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ အရောင်းဆိုင်များ (နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေး)တွင် ယခင် ပုံစံဟောင်း ရွှေဒင်္ဂါးများနှင့်အတူ ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

ဇန်နဝါရီလ ၅ ရက်နေ့ရှိ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း၏ ရွှေတစ်ကျပ်သား ပေါက်ဈေးမှာ ၂,၅၀၀,၀၀၀.၀၀ ကျပ်ဖြစ်ပြီး၊ တစ်ကျပ်သားရွှေဒင်္ဂါးတစ်ပြား၏ တန်ဖိုးမှာ ရွှေတစ်ကျပ်သားကျသင့်ငွေ ၂,၅၀၀, ၀၀၀.၀၀ကျပ်၊ အလျော့တွက်လက်ခ ကျသင့်ငွေ ၈၀,၀၀၀.၀၀ ကျပ်၊ စုစုပေါင်း ကျသင့်ငွေ ၂,၅၈၀,၀၀၀.၀၀ ကျပ်ဖြင့်လည်းကောင်း၊ ငါးမူးသား ရွှေဒင်္ဂါး တစ်ပြားလျှင် ရွှေငါးမူးသား ကျသင့်ငွေ ၁,၂၅၀,၀၀၀.၀၀ ကျပ်၊ အလျော့တွက်လက်ခ ကျသင့်ငွေကျပ် ၄၂,၀၀၀.၀၀ ကျပ်၊ စုစုပေါင်း ၁,၂၉၂,၀၀၀.၀၀ ကျပ် ဖြင့်လည်းကောင်း၊ တစ်မတ်သား ရွှေဒင်္ဂါးတစ်ပြားလျှင် ရွှေတစ်မတ်သားကျသင့်ငွေ ၆၂၅,၀၀၀.၀၀ ကျပ်၊ အလျော့တွက်လက်ခ ကျသင့်ငွေ ၂၂,၀၀၀.၀၀ ကျပ်၊ စုစုပေါင်း ကျသင့်ငွေ ၆၄၇,၀၀၀.၀၀ ကျပ် ဖြင့် ရောင်းချပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။
May be an image of money

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။