Trending Now

ရေစကြိုမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ

Spread the love

ရေစကြိုမြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူတစ်ဦး ခေါင်းဖြတ် အသတ်ခံရ

EPN
ရေစကြို ၊ ဒီဇင်ဘာ ၃

မကွေးတိုင်း ၊ ပခုက္ကူခရိုင် ၊ ရေစကြိုမြို့နယ် ၊ ထန်းပင်ချောင်ကျေးရွာမှာ မနေ့ ဒီဇင်ဘာ ၂ ရက် မနက်ပိုင်းက ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သူတစ်ဦးကို အမည်မသိ လက်နက်ကိုင်အဖွဲ့က ခေါင်းဖြတ် သတ်သွားတာတယ်လို့ ဒေသခံ လူမှုကူညီရေး အဖွဲ့တွေဆီက သိရပါတယ်။

” မနေ့က မနက်အစောပိုင်း ၅ နာရီဝန်းကျင်မှာ အမည်မသိ လက်နက်ကိုင်ထားသူ ၁၀ ယောက်ထက်မနည်းက အရင်းကျေးရွာအုပ်ချုပ်ရေးမှူး လုပ်ကိုင်ဖူးသူ ဦးမောင်ချင်း အိမ်ကိုရောက်လာပြီး ၊ ဦးမောင်ချင်းကို ခေါင်းဖြတ်သတ်သွားတာဖြစ်တယ် ” လို့ ဒေသခံ ပရဟိတသမား တယောက်က ပြောပါတယ်။

အဲ့ဒီ လူသတ်မှုနဲ့ ပတ်သက်ပြီး ရေစကြိုမြို့နယ် ရဲတပ်ဖွဲ့က အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

ဒါ့အပြင် မနေ့ ဒီဇင်ဘာ ၂ ရက် ၊ ညနေပိုင်း ၄ နာရီဝန်းကျင်ကလည်း စစ်ကိုင်းတိုင်း ၊ စစ်ကိုင်းခရိုင် ၊ မြင်းမူမြို့ ၊ ရွှေပေါင်းလောင်း ဘုရားနားမှာ စျေးဝယ်လာသူတစ်ဦး ပစ်သတ်ခံရတယ်လို့ သိရပါတယ်။

အဲ့ဒီ လူသတ်မှုမှာ သေဆုံးသူဟာ မြင်းမူမြို့ ၊ အောင်ဇေယျရပ်ကွက်မှာ နေတဲ့ ဦးကျော်ခင် ( နိုင်ငံရေး အရောင်အသွေး မရှိ ၊ သာမန် အလုပ်သမား) ဆိုသူကို အမည်မသိ လက်နက်ကိုင် အကြမ်းဖက်သမားတွေက ပစ်သတ်သွားတာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။