Trending Now

ဗြိတိန်ဝန်ကြီချုပ် အသစ်ဖြစ်လာမယ့် လစ်ဇ်ထရပ်စ်

Spread the love

ဗြိတိန်ဝန်ကြီချုပ် အသစ်ဖြစ်လာမယ့် လစ်ဇ်ထရပ်စ်

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၅

ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် နှုတ်ထွက်သွားခဲ့ပြီးနောက် ဝန်ကြီးချုပ်အသစ်ကို ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေ အဆင့်ဆင့်မဲပေးခဲ့ကြအပြီးမှာ အခုနောက်ဆုံး ကျန်နေသူနှစ်ယောက်ကတော့ နိုင်ငံခြားရေးဝန်ကြီး လစ်ဇ်ထရပ်စ် နဲ့ ဘဏ္ဍာရေးဝန်ကြီးဟောင်း ရီရှီဆူးနက် တို့ဖြစ်ပါတယ်။

သူတို့နှစ်ယောက်ထဲမှာမှ လစ်ဇ်ထရပ်စ် ဟာ ဗြိတိန်နိုင်ငံရဲ့ ဝန်ကြီးချုပ်အသစ် ဖြစ်လာနိုင်တယ်လို့ ကမ္ဘာ့သတင်းဌာနအများအပြားနဲ့ နိုင်ငံရေးသုံးသပ်လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

ဗြိတိန်ရဲ့ ဝန်ကြီးချုပ်အသစ်ကိုတော့ ဒီနေ့ထုတ်နေ့လည်ပိုင်းမှာ ထုတ်ပြန်ကြေညာသွားမှာဖြစ်ပြီး ရွေးကောက်ပွဲမှာ အနိုင်ရရှိသူက မနက်ဖြန် သြဂုတ်လ ၆ ရက်နေ့မှာ ဘုရင်မကြီး အဲလိဇဘက် နဲ့ တွေ့ဆုံဖို့ စကော့တလန်ကို သွားရောက်ရမှာဖြစ်ပါတယ်။
လက်ရှိဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ဟာ လအတော်ကြာ အရှုပ်အရှင်းဖြစ်ပြီးနောက် ဇူလိုင်လကတည်းက ရာထုူးကနေ နှုတ်ထွက်ကြောင်း ကြေညာခဲ့ရပါတယ်။

ဝန်ကြီးချုပ်အသစ်က လက်ရှိဖြစ်ပွားနေတဲ့ ဗြိတိန်နိုင်ငံရဲ့ လူနေမှုစရိတ်အကျပ်အတည်း၊ မြင့်မားတဲ့ စွမ်းအင်ကုန်ကျစရိတ်တွေကြောင့် ဖြစ်ပေါ်လာတဲ့ စက်မှုမငြိမ်မသက်မှုတွေကို ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။

လက်ရှိဗြိတိန်နိုင်ငံဟာ နှစ်ပေါင်း ၄၀ အတွင်း အမြင့်ဆုံးငွေကြေးဖောင်းပွမှုကြောင့် ဖြစ်ပေါ်လာတဲ့ ကာလရှည်စီးပွားရေးကျဆင်းမှုလို့ ခံမှန်းထားတဲ့ ပြသနာတွေကို ရင်ဆိုင်နေရပါတယ်။

လစ်ဇ်ထရပ်စ် ကတော့ ဗြိတိန်ရဲ့ လူနေမှုစရိတ်အကျပ်အတည်းကို လျင်မြန်စွာကိုင်တွယ်ဖြေရှင်းပေးမယ့်လို့ ဂတိပြုခဲ့ပြီး တစ်ပတ်အတွင်း အနာဂါလောင်စာဆီ ထောက်ပံ့မှုရရှိရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

က ဗြိတိန်၏ လူနေမှုစရိတ်အကျပ်အတည်းကို လျင်မြန်စွာ ကိုင်တွယ်ဖြေရှင်းရန် ကတိပြုခဲ့ပြီး တစ်ပတ်အတွင်း စွမ်းအင်တိုးမြှင့်ကောက်ခံမှုနှင့် အနာဂတ်လောင်စာဆီ ထောက်ပံ့မှုရရှိရေး အစီအစဉ်တစ်ရပ်ကို အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

— ကိုးကား —
ရိုက်တာ
Ref; Britain’s Truss expected to be named Conservative leader, new PM

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။