Trending Now

မချမ်းဘော့မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်ရေးအသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုး ဆော်ခြင်းလုပ်ငန်းဆောင်ရွက်

Spread the love

မချမ်းဘော့မြို့၌ ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက်ပြန့်နှံ့မှုမှ ကြိုတင်ကာကွယ်ရေးအသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုး ဆော်ခြင်းလုပ်ငန်းဆောင်ရွက်

EPN
မချမ်းဘော့၊ မတ် ၂၅

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်အတွင်း ကိုရိုနာဗိုင်းရပ်စ် ရောဂါကူးစက် ပြန့်ပွားမှုများ မရှိစေရေးအတွက် ကြိုတင်ကာကွယ် ဆောင်ရွက်သည့်အနေဖြင့် အသံချဲ့စက်ဖြင့် အသိပညာပေး နှိုးဆော်ခြင်း လုပ်ငန်းကို မတ် (၂၄)ရက် ညပိုင်းက မြို့ပေါ်ရပ်ကွက် (၄)ရပ်ကွက်တို့တွင် ဆောင်ရွက် ခဲ့ကြသည်။

အဆိုပါ အသိပေးနိူးဆော်ခြင်းလုပ်ငန်းများကို မြို့နယ်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတူးဂျာ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးနန်ဇေ့ဖုန်ဆန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်ထုန်းဒီးရမ် တို့က ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူလူထုများ လိုက်နာရမည့်အချက်များ နှင့် ဆောင်ရန် ရှောင်ရန်များ ၊ နိုင်ငံရပ်ခြားမှ အလုပ်လုပ်ပြီး ပြန်လည်ရောက်ရှိလာသူများရှိပါက ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် အမြန်ဆုံး သတင်းပို့ပြီး ကျန်းမာရေးစစ်ဆေးမှုများ ခံယူရန်တို့ကို မြို့ပေါ်ရပ်ကွက် လမ်းများတလျှောက် အသံချဲ့စက်ဖြင့် တိုက်တွန်းနှိုးဆော်ခဲ့ကြကြောင်း သိရသည်။

ဖုန်ကန်(ပူတာအို)


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။