Trending Now

ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ပြည်လုံးချမ်းသာဆုတောင်းပြည့်ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ ကချင်အထူးဒေသ(၁)ဆက်ဆံရေးရုံးအဖွဲ့မှ ဆန်၊ဆီ၊ဆား နှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

Spread the love

ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ပြည်လုံးချမ်းသာဆုတောင်းပြည့်ပရဟိတ ဘုန်းတော်ကြီးကျောင်းသို့ ကချင်အထူးဒေသ(၁)ဆက်ဆံရေးရုံးအဖွဲ့မှ ဆန်၊ဆီ၊ဆား နှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်း

EPN
မြစ်ကြီးနား၊ဇွန် ၂၇

ကချင်ပြည်နယ်၊မြစ်ကြီးနားမြို့ ကျွန်းပင်သာရပ်ကွက်ရှိ ပြည်လုံးချမ်းသာဆုတောင်းပြည့်ပရဟိတ ဘုန်းတော်ကြီးကျောင်းတိုက် သို့ ကချင်အထူးဒေသ(၁) ဥက္ကဌ ဝဏ္ဏကျော်ထင် ဦးဇခုန်တိန့်ယိန်းအား အမှူးထား၍ ဦးယော်ယိန်း ၊ ဦးခင်မောင်ကျော်၊ ဦးတွမ်ပိချင်း ဆက်ဆံရေးရုံးအဖွဲ့မှ ဆန်၊ (၁၅)အိတ်၊ပဲဆီပုံး (၂)ပုံး နှင့် အိုင်အိုဒင်းဆား အထုတ်(၅၀)တို့အပြင် သံဃာတော်အရှင်သူမြတ်တို့အား ဝတ္ထုငွေ နှင့် နေ့ဆွမ်းဆက်ကပ်လှူဒါန်းခြင်းကို ယနေ့ နံနက်ပိုင်းအချိန်က သွားရောက် ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းသို့လှူဒါန်းခြင်းအပေါ် ပြည်လုံးချမ်းသာဆုတောင်းပြည့်ပရဟိတ ဘုန်းတော်ကြီးကျောက်တိုက်ဆရာတော် ကြီးမှ သာဓု သုံးကြိမ်ခေါ်ဆိုပြီး ရှေ့ဆက်၍ နိုင်ငံအကျိုးအတွက် ဆထပ်ထမ်းပိုး ထမ်းဆောင်နိုင်ကြသည့် သူတော်ကောင်းများဖြစ်ကြစေကြောင်း ကောင်းချီးမင်္ဂလာများ မိန့်တော်မူသည်။

ကချင်အထူးဒေသ(၁) ဦးယော်ယိန်း ၊ ဦးခင်မောင်ကျော်၊ ဦးတွမ်ပိချင်း ဆက်ဆံရေးရုံး အဖွဲ့အနေဖြင့် ပြည်လုံးချမ်းသာဆုတောင်းပြည့်ပရဟိတ ကျောင်းတိုက်သို့ ဇွန်လအတွင်းကလည်း မိဘမဲ့ ကျောင်းသားများအတွက် အဝတ်အထည်များနှင့် ၊ အခြားအခြားသော လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ပြီး ယခုအပါအဝင် သုံးကြိမ်မြောက် လှူဒါန်းခြင်းဖြစ်ကြောင်းသိရသည်။

ကချင်အထူးဒေသ (၁) ဆက်ဆံရေးရုံးအဖွဲ့မှ ဝါကျွတ်ချိန်မှစ၍ ဝါဝင်ချိန်အထိ ပြည်လုံးချမ်းသာ ဆုတောင်းပြည့် ပရဟိတ ဘုန်းတော်ကြီးကျောင်းတွင် လပြည့်၊လကွယ် နေ့တိုင်း သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်ခြင်း၊ ပရဟိတကျောင်းသားများနှင့်ဧည့်ပရိတ်သက်များအား နေ့လည်စာ ထမင်းကျွေးမွေးခြင်း သံင်္ဃာတော်များအား ဝတ္ထုငွေ ကပ်လှူခြင်း နှင့် အခါအားလျော်စွာဘုရားကြီး ရံပုံငွေထည့်ဝင်လှူဒါန်းခြင်း၊ဘုရားကြီး၏ လိုအပ်ချက်များကို အခါအားလျော်စွာ လှူဒါန်းခြင်းများပြုလုပ်လေ့ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။