Trending Now

မြစ်ကြီးနားမြို့တွင် မော်တော်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား

Spread the love

မြစ်ကြီးနားမြို့တွင် မော်တော်ယာဉ် နှစ်စီး မျက်နှာချင်းဆိုင် တိုက်မှု ဖြစ်ပွား

EPN
မြစ်ကြီးနား၊ ဇူလိုင် ၈

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ ခေမာသီရိ မနက်ဈေး လမ်းသွယ် (၈) ထိပ် လမ်းဆုံတွင် ယနေ့ မနက် ၇နာရီ ၁၅မိနစ် အချိန်ခန့်က မော်တော်ယဉ်နှစ်စီး မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အမှတ် (၂) ရဲစခန်းဘက်မှ မောင်းနှင် လာသည့် လင်ခရုဆာ အဖြူရောင်၊ အမျိုးသမီး မောင်းနှင်လာသည့်ကားနှင့် မြို့သစ်ကြီးဘက်မှ မောင်းနှင်လာသည့် ကားတစ်စီးတို့သည် ခေမာသီရိ လမ်းသွယ် (၈) ထိပ် တွင် ယာဉ်တိုက် မှု ဖြစ်ပွားခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ရှင်းပြသည်။
” လူထိခိုက်တာတော့ မရှိဘူး။ အမျိုးသမီး မောင်းလာတဲ့ ကားကတော့ ရှေ့ဘမ်ဘာ ပျက်စီးသွားတယ်။ ရှေ့ကားဘီးလည်း စတီယာတိုင် တစ်ဖက်ပါသွားတယ်။ လူတွေတော့ ဘာမှမဖြစ်ဘူး။ မြို့သစ်ကြီးဘက်ခြမ်းက မောင်းလာတဲ့ ကားပိုင်ရှင်ကတော့ ဆင်းကြည့်ပြီး ဘာမှမဖြစ်လို့ မောင်းထွက်သွားတယ် ” ဟု ၎င်းက ပြောသည်။

အဆိုပါ ယာဉ်တိုက်မှု ဖြစ်ပွားရခြင်းမှာ လမ်းဘေးရပ်ထားသည့် ကား၊ သုံးဘီး တို့အားရှောင်ရင်း လမ်းလယ်ခေါင်တွင် ယာဉ်နှစ်စင်း မျက်နှာချင်းဆိုင် ပွတ်တိုက်ရခြင်းဖြစ်ကြောင်း မျက်မြင်များက ဆိုသည်။

မြစ်ကြီးနားမြို့တွင် ကားနှင့် ဆိုင်ကယ်၊ ကားကားခြင်း၊ ဆိုင်ကယ်၊ သုံးဘီးယာဉ်တိုက် မှုများ နေ့စဉ်ဖြစ်ပွား လေ့ ရှိကြောင်း သိရသည်။

မြတ်မင်း


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။