Trending Now
ဖားကန့်​ မြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦး၏ ​ဆောင်​ရွက်​မှုများကို ​ကျေနပ်​မှုမရှိ​သော​ကြောင့်​ ​ဒေသခံပြည်​သူဆယ်​ဦးထက်​မနည်း ဆန္ဒပြမည်
Spread the love
ဖားကန့်​ မြို့နယ်​ ပြည်​သူ့လွှတ်​​တော်​ကိုယ်​စားလှယ်​တစ်​ဦး၏ ​ဆောင်​ရွက်​မှုများကို ​ကျေနပ်​မှုမရှိ​သော​ကြောင့်​ ​ဒေသခံပြည်​သူဆယ်​ဦးထက်​မနည်း ဆန္ဒပြမည်
EPN
လွမ်း​အောင်
ဖားကန့် မြို့နယ် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး၏ ဆောင်ရွက်မှုများကို ကျေနပ်မှုမရှိသောကြောင့် ဒေသခံပြည်သူဆယ်ဦးထက်မနည်း ဆန္ဒပြမည်
EPN
မြစ်ကြီးနား၊ဖေဖော်ဝါရီ ၁၄
“ကုမ္ပဏီလည်း ပြည်သူပါဘဲ”ဟု ပြောခဲ့သည့် ဖားကန့်မြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးတင်စိုး၏ လုပ်ဆောင်ချက်များအပေါ် ကျေနပ်အားရမှုမရှိသည့် အတွက် ဖားကန့်ဒေသခံပြည်သူ ၁၀ဦးထက်မနည်း ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါဆန္ဒထုတ်ဖော်ပွဲကို ယခုလ (ဖေဖေါ်ဝါရီ ၁၅)ရက်နေ့တွင် မြစ်ကြီးနားမြို့ရှိ ပြည်နယ်တရားလွှတ်တော်ရှေ့နှင့် စုပေါင်းရုံးရှေ့တို့တွင် နေ့လည် ၁၂နာရီမှ ၁နာရီအထိဆန္ဒထုတ်ဖော်သွားမည်ဖြစ်ပြီး နေ့လည် တစ်နာရီမှ စတင်ကာ မြို့တွင်းသို့ လမ်းလျောက်ဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်း အဆိုပါ ဆန္ဒပြဦးဆောင်သူ ဖားကန့်ဒေသခံဦးထွန်းကဆိုသည်။
“ကုမ္ပဏီ နှင့်ပတ်သက်ရင်ကုမ္ပဏီဘက်ရပ်တည်ပြီးမှ ပြည်သူနဲ့ပတ်သက်ရင် ပြည်သူဘက်မရပ်တည်ပေးတဲ့အဲ့ဒီတစ်ချက်ကိုဘဲဆန္ဒထုတ်ဖော်မှာပါ။”ဟု ဦးထွန်းကပြောသည်။
ဆန္ဒထုတ်ဖော်သွားရန်အတွက် သက်ဆိုင်ရာတွင် ငြိမ်းစုစည် တင်ထားပြီးဖြစ်ကြောင်းကိုလည်း ၎င်းကပြောသည်။
လွမ်းအောင်
Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။