Trending Now

(၃ဝ) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

Spread the love

(၃ဝ) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ

EPN
ရန်ကုန်၊ စက်တင်ဘာ ၂၆ (၂၀၂၃)

(၃၀) ကြိမ်မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို စက်တင်ဘာ ၂၅ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့ရှိ တပ်မတော် ဆေးတက္ကသိုလ် Theatre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး (၃၀) ကြိမ်မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲအကြို အလုပ်ရုံဆွေးနွေးပွဲကို The Power of Mentoring in Medical Education: Supporting Student With Effective Mentoring Practice ခေါင်းစဉ်ဖြင့် ဆေးပညာသင်ကြားရေးဌာနမှ ဂုဏ်ထူးဆောင်ပါမောက္ခများနှင့် ဌာနမှူးတို့က ဦးဆောင်ဆွေးနွေးပြီး၊ သင်တန်းသားများက Group work များပြုလုပ်ပြီး Group အလိုက် Presentation များ ပြုလုပ်တင်ပြခဲ့ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲကို တပ်မတော်ဆေးတက္ကသိုလ် ခေတ္တကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မန်းဖြိုး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဗိုလ်မှူးချုပ် ခင်အောင်ထွန်းနှင့် ဌာနမှူးများ၊ အလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်မည့် သင်တန်းသားများ တက်ရောက်ခဲ့ပြီး၊ တပ်မတော်ဆေးတက္ကသိုလ် ပါမောက္ခ ချုပ်နှင့် တက်ရောက်လာကြသူများက အမှတ်တရဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်း သိရသည်။

အမရာ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။