Trending Now

ဒဂုံမြို့သစ် (အရှေ့ပိုင်း)၌ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

Spread the love

ဒဂုံမြို့သစ် (အရှေ့ပိုင်း)၌ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး ရေနစ်သေဆုံး

EPN
ရန်ကုန်၊ အောက်တိုဘာ ၅ (၂၀၂၃)

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) ၌ အသက် ၁၃ နှစ်အရွယ် ကလေးတစ်ဦး အောက်တိုဘာ ၄ ရက် ယနေ့ နံနက် ပိုင်းက ရေနစ်သေဆုံးခဲ့ကြောင်း ဒေသခံ ကူညီပေးသူများထံမှ သိရသည်။

အဆိုပါ ကလေးသည် အသက် ၁၃ နှစ်အရွယ် ယောင်္ကျားလေးဖြစ်ပြီး ဒဂုံမြို့သစ်မြို့နယ်၊ ကျန်စစ်သားလမ်း၊ (၁၃) ရပ်ကွက် အနီး ရေမြောင်းအတွင်း ရေနစ်သေဆုံးနေသည်ကို ရပ်ကွက် အတွင်းမှ ဒေသခံ တစ်ဦးက ယနေ့ အောက်တိုဘာ ၄ ရက်မနက် မနက် ၉ နာရီဝန်းကျင်၌ စတင်တွေ့ရှိသဖြင့် မိသားစုများအား သွားရောက် ပြောဆိုခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ ကူညီပေးသူတစ်ဦး ပြောသည်။

”ရပ်ကွက်ထဲက တစ်ဦးက အဲ့ဒီ ကလေး ရေနစ် သေဆုံးနေတဲ့ ကလေး အလောင်းတွေ့လို့ သူတို့ မိဘတွေကို သွားပြောတာလို့ သိရတယ်။
ကလေးလေးက မနေ့ကတည်းက ပျောက်နေတာလို့ သိရတယ်။ ကလေးက ဒဂုံမြို့သစ် (အရှေ့ပိုင်း) (၁၀၈) ရပ်ကွက် မှာ နေထိုင်တဲ့ ကလေးပါ။”ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ ရေနစ်သေဆုံးသူခဲ့သည့် ကလေး၏ ရုပ်အလောင်းအား မြင့်မြတ်နှလုံးသား နာရေးကူမှုအသင်း မော်တော်ယာဉ်ဖြင့် မေဓာဝီဆေးရုံ ကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၆ ရက်ကလည်း ကြည့်မြင်တိုင်ပန်ခြံ ကမ်းစပ်တွင် အသက် ၉ နှစ်အရွယ် ကလေးတစ်ဦး ငါးမျှားရာမှ ခြေချော်ကျပြီး ရေထဲပြုကျကာ ရေနစ်သေဆုံးခဲ့သေးကြောင်း သတင်း မှတ်တမ်းများအရ သိရသည်။

အလင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။