Trending Now

မုံရွာမြို့နယ် စည်ပင်သာယာရေးရုံး ဒုဦးစီးမှူးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွား

Spread the love

မုံရွာမြို့နယ် စည်ပင်သာယာရေးရုံး ဒုဦးစီးမှူးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွား

EPN
မုံရွာ၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ အလယ်ရပ်ကွက်၊ အမှတ် (၁) လမ်းတွင် နေထိုင်သည့် မုံရွာမြို့နယ် စည်ပင်သာယာရေးရုံး ဒုဦးစီးမှူးကို PDF အဖွဲ့ဝင်များမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

ဇန်နဝါရီလ ၂၀ ရက်နေ့တွင် မုံရွာမြို့နယ်စည်ပင်သာယာရေးရုံး ဒုဦးစီးမှူး ဦးမိုးဇော် (၃၉) နှစ်သည် နေအိမ်တွင် ဇနီးဖြစ်သူနှင့်အတူ ရှိနေစဉ် ည (၇) နာရီ (၂၀) မိနစ်အချိန်၌ မျက်နှာများအား အဝတ်မည်းများ စည်းထားပြီး သေနတ်အတို ၂ လက်နှင့် ဓါးများ ကိုင်ဆောင်ထားသည့် PDF အဖွဲ့ဝင် (၅) ဦးသည် မော်တော်ယာဉ်ဖြင့် ရောက်ရှိလာခဲ့သည်။

ထို့နောက် ၎င်း PDF များက “ဦးမိုးဇော်ရှိလား” ဟုမေးမြန်း၍ အသင့်ယူဆောင်လာသော အရိုး/အသွား (၈) လက်မခန့်ရှိဓားဖြင့် ဦးမိုးဇော်၏ နောက်ကျောအား ထောက်၍ ဖမ်းဆီးခေါ်ဆောင်ပြီး ပြည်ထောင်စုလမ်း ဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။