Trending Now

မြန်မာနိုင်ငံတွင် ၅ လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခဲ့

Spread the love

မြန်မာနိုင်ငံတွင် ၅ လအတွင်း နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု နည်းပါးလာခဲ့

EPN
နိုင်ငံတကာ၊ စက်တင်ဘာ ၆

၂၀၂၃-၂၄ ဘဏ္ဍာနှစ် ပထမငါးလပတ်တွင် မြန်မာနိုင်ငံသို့ ဝင်ရောက်သည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုသည် ၆၀ ဒသမ ၆၆ ရာခိုင်နှုန်းကျော် ကျဆင်းသွားကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန (DICA) ကိုကိုးကားပြီး ဆင်ဟွာသတင်းက ဖော်ပြထားသည်။

မြန်မာနိုင်ငံသည် ယခင်ဘဏ္ဍာရေးနှစ် ၂၀၂၂-၂၃ ခုနှစ် ကာလတူတွင် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံကျော် ဆွဲဆောင်ခဲ့သည်ဟု DICA ၏ ကိန်းဂဏန်းများက ဖော်ပြသည်။

မြန်မာနိုင်ငံတွင် ငါးလတာကာလအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်သည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် တရုတ်၊ အိန္ဒိယ၊ တောင်ကိုရီးယား၊ ဆာမိုအာ၊ စင်ကာပူ၊ ဗြိတိန်နှင့် အမေရိကန်တို့ ပါဝင်သည်။

အဆိုပါကာလအတွင်း စွမ်းအင်ကဏ္ဍတွင် မတည်ငွေ ဒေါ်လာ ၃၁၇ သန်းကျော်ဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများဆုံး ဆွဲဆောင်ခဲ့ပြီး ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ကဏ္ဍက ဒေါ်လာ ၇၇ သန်းကျော်၊ ကုန်ထုတ်လုပ်မှု ကဏ္ဍတွင် ဒေါ်လာ ၆၃ သန်းကျော်ရှိကြောင်း DICA ၏ အချက်အလက်များအရ သိရသည်။

Ref; xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။