Trending Now

အိန္ဒိယက ရုရှားထံမှ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော်တန်ကြေးရှိ ဂျက်တိုက်လေယာဉ် ၃၃ စင်း ဝယ်ယူမည်

Spread the love

အိန္ဒိယက ရုရှားထံမှ ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော်တန်ကြေးရှိ ဂျက်တိုက်လေယာဉ် ၃၃ စင်း ဝယ်ယူမည်

EPN
နိုင်ငံတကာ၊ ဇူလိုင် ၃

အမေရိကန်ဒေါ်လာ ၂ ဒသမ ၄ ဘီလီယံကျော်တန်ကြေးရှိ ရုရှားနိုင်ငံလုပ် ဂျက်တိုက်လေယာဉ် ၃၃ စင်း ဝယ်ယူရန်နှင့် အခြားတိုက်လေယာဉ်များ အဆင့်မြှင့်တင်ရန် အိန္ဒိယ ကာကွယ်ရေးဝန်ကြီးဌာနက လက်မှတ်ရေး ထိုးလိုက်ကြောင်း သိရသည်။

MiG-29 ဂျက်တိုက်လေယာဉ် ၂၁ စင်းနှင့် Su-30 MKI တိုက်လေယာဉ် ၁၂ စင်း ဝယ်ယူမှုအပြင် ရှိယင်းစွဲ MiG-29 ဂျက်တိုက်လေယာဉ် ၅၉ စင်း အဆင့်မြှင့်တင်မှုက အိန္ဒိယလေတပ်၏ တိုက်လေယာဉ်အုပ်များကို အား ဖြည့်မှုဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက ပြောသည်။

အိန္ဒိယတပ်မတော် လက်ရုံးတပ်ဖွဲ့သုံးခုအတွက် ဒုံးကျည်စနစ်များ၊ ခဲယမ်းမီးကျောက်များ ထုတ်လုပ်ရန် နှင့် အိန္ဒိယကြည်းတပ်အတွက် တိုက်ခိုက်ရေးယာဉ်များ အဆင့်မြှင့်တင်ရန် အတည်ပြုခဲ့ကြောင်း ဝန်ကြီးဌာနက ဆိုသည်။

အိန္ဒိယနိုင်ငံ၏ ကာကွယ်ရေးစွမ်းပကားများ အဆင့်မြှင့်တင်ခြင်းက နယ်စပ်ဒေသများကို ကာကွယ်ရာ တွင် လက်နက်ကိုင်တပ်ဖွဲ့များ၏စွမ်းရည် တိုးမြှင့်ရန်နှင့် ဝန်ကြီးချုပ် နာရင်ဒရာမိုဒီ၏ ကိုယ့်အားကိုယ်ကိုးရန် တောင်းဆိုမှုကြောင့်ဖြစ်ကြောင်း ဝန်ကြီးဌာနက ထုတ်ပြန်ချက်တစ်ခုအတွင်း ပြောကြားသည်။
ဝန်ကြီးချုပ် မိုဒီက ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဖုန်းပြောဆိုပြီးနောက် ယခုကဲ့သို့ ကြေညာခဲ့ခြင်းဖြစ်သည်။

အိန္ဒိယ ကာကွယ်ရေးဝန်ကြီး ရာနတ်ဂျ်ဆင်းသည် ဒုတိယကမ္ဘာစစ်အတွင်း နာဇီဂျာမနီတို့အပေါ် ဆိုဗီ ယက်တို့က အောင်နိုင်ခဲ့သည့် အမှတ်သညှာတစ်ခုဖြစ်သော ၇၅ နှစ်မြောက် အောင်ပွဲနေ့ စစ်ရေးပြအခမ်းအနားသို့ တက်ရောက်ရန် ပြီးခဲ့သည့်လက မော်စကိုမြို့သို့ သွားရောက်လည်ပတ်ခဲ့သည်။
ရုရှားနိုင်ငံက အိန္ဒိယနိုင်ငံ၏ စစ်အေးကာလ မဟာမိတ်တစ်နိုင်ငံဖြစ်ပြီး အကြီးမားဆုံး လက်နက်ထောက် ပံ့သည့်နိုင်ငံဖြစ်သည်။

အမေရိကန်နိုင်ငံ၏ အရေးယူမည့် ခြိမ်းခြောက်မှုရှိလင့်ကစား အိန္ဒိယနှင့် ရုရှားနိုင်ငံတို့က ၂၀၁၈ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ ဘီလီယံတန်ဖိုးရှိ ရုရှား အက်စ်-၄၀၀ ဒုံးကျည်ကာကွယ်ရေးစနစ် ထောက်ပံ့မည့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်။

–ကိုးကား–
အယ်လ်ဂျာဇီးယား
Ref; India to buy 33 Russian fighter jets for $2.43bn


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။