Trending Now

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိ

Spread the love

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ၁၀ ဦးသေဆုံးကာ ၅၅ ဦး ဒဏ်ရာရရှိ

EPN
နိုင်ငံတကာ ၊ သြဂုတ် ၆

ပါလက်စတိုင်း အစ္စလာမ္မစ် ဂျီဟတ် (PIJ) ၏ စစ်ရေး ပစ်မှတ်များကို သောကြာနေ့က အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ကလေးငယ် တစ်ဦးနှင့် လက်နက်ကိုင် အဖွဲ့အကြီးအကဲ တစ်ဦး အပါအဝင် အနည်းဆုံး ပါလက်စတိုင်း ၁၀ ဦး သေဆုံးပြီး ၅၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဂါဇာအလယ်ပိုင်း ပါလက်စတိုင်းမျှော်စင်ရှိ လူနေတိုက်ခန်းတစ်ခုအား အစ္စရေးလေတပ်က စီးနင်းတိုက်ခိုက်ခဲ့ရာ အသက် ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးနှင့်အစ္စလာမ္မစ် ဂျီဟတလက်နက်ကိုင်အဖွဲ့ တပ်မှူးတစ်ဦးနှင့် ၎င်း၏လက်ထောက် သုံးဦးတို့ သေဆုံးခဲ့ကြောင်း မျက်မြင်သက်သေများ နှင့် ပါလက်စတိုင်းကျန်းမာရေးဝန်ကြီးဌာနတို့၏ ပြောကြားချက်အရ သိရသည်။

လေကြောင်းတိုက်ခိုက်မှုတွင်း ၅၅ ဦး ဒဏ်ရာရရှိခဲ့သည့်အနက် ခြောက်ဦးထက်မနည်းသည် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Breaking Dawn စစ်ဆင်ရေးဟု အမည်ပေးထားသည့် အစ္စရေးလေကြောင်းတိုက်ခိုက်မှုသည် ဂါဇာရှိ အစ္စလာမ္မစ် ဂျီဟတ် (PIJ) ၏ အကြမ်းဖက်သမား ၁၀ ဦးကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အစ္စရေးနိုင်ငံသားများအား ခြိမ်းခြောက်နေမှုကို ဖယ်ရှားရန်အတွက်ဖြစ်ကြောင်း အစ္စရေးစစ်တပ်က ပြောကြားခဲ့သည်။

ဂါဇာရှိ လုံခြုံရေးသတင်းရင်းမြစ်များက အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများသည် ဂါဇာမြောက်ပိုင်းနှင့် တောင်ပိုင်းရှိ စစ်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

အနောက်ဘက်ကမ်းမြို့ ဂျီနင်းမြို့ တွင် အစ္စလာမ္မစ် ဂျီဟတ် (PIJ) ၏အကြီးတန်းအရာရှိတစ်ဦးကို အစ္စရေးတပ်ဖွဲ့များက တနင်္လာနေ့တွင် ဖမ်းဆီးခဲ့ပြီးနောက် တင်းမာမှုမြင့်တက်လာခဲ့ခြင်းဖြစ်ပြီး PIJ သည် ဂါဇာနယ်စပ်တစ်လျှောက်တွင် အစ္စရေးစစ်တပ်အား လက်စားချေမည်ဟု ကတိပြုခဲ့သည်။

အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအပြီး ညနေပိုင်းတွင် ၎င်းတို့သည် အစ္စရေးတောင်ပိုင်းနှင့် အလယ်ပိုင်းမြို့များဆီသို့ ဒုံးကျည် ၁၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စလာမ္မစ် ဂျီဟတ် (PIJ) က ထုတ်ဖော် ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က Iron Dome ကာကွယ်ရေးစနစ်ကြောင့် ညနေပိုင်းတွင် ဂါဇာမှ အစ္စရေးသို့ ပစ်လွှတ်သော ဒုံးကျည်များကို ကြားဖြတ်ဟန့်တားခဲ့ကြောင်း သောကြာနေ့နှောင်းပိုင်းတွင် ပြောကြားခဲ့သည်။

အစ္စရေး နဲ့ ပါလက်စတိုင်းတို့၏ အကျပ်အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် နှစ်ဖက်ကြား ဖြစ်နိုင်ချေရှိသော တွေ့ဆုံမှုတစ်ခု သြဂုတ်လ ၇ ရက်နေ့တွင် အီဂျစ်မှာ ပြုလုပ်ရန်စီစဉ်ထားခဲ့သော်လည်း “ဒီနေ့ ဖြစ်ပျက်ခဲ့တာက ဖျန်ဖြေသူတွေ အတွက် အထင်အမြင်သေးစရာ သတင်းစကားပဲ” ဟု ပါလက်စတိုင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသည်။

ဂါဇာကမ်းမြောင်ဒေသတွင် ဖြစ်ပွားနေသည့် တင်းမာမှုများအဆုံးသတ်ရန်နှင့် အခြေအနေကို ထိန်းချုပ်ရန်အတွက် အီဂျစ်နိုင်ငံသည် ပါလက်စတိုင်း နှင့် အစ္စရေးဘက်သို့ အပြင်းအထန် ဆက်သွယ်မှုများ ပြုလုပ်နေကြောင်း အီဂျစ်မှ တာဝန်ရှိသူတစ်ဦးက ဒေသတွင်း ရုပ်မြင်သံကြားသို့ ပြောကြားခဲ့သည်။

ပါလက်စတိုင်းသမ္မတ မာမွတ်အဘတ်စ် ရဲ့ပါတီက ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက ဗုံးကြဲတိုက်ခိုက်ခြင်းနှင့် အကာအကွယ်မဲ့ အရပ်သားများကို ပစ်မှတ်ထားပြီး ခြိမ်းခြောက်ခြင်းသည် ပါလက်စတိုင်းပြည်သူများအပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအသစ်တစ်ခုဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

source – xinhua

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။