Trending Now

မန်းရွှေစက်တော်ဘုရားကြီးပွဲတော်တွင် ဘုရားဖူးခရီးသွား ပြည်သူပေါင်းနှစ်သိန်းကျော် လာရောက်ခဲ့

Spread the love

မန်းရွှေစက်တော်ဘုရားကြီးပွဲတော်တွင် ဘုရားဖူးခရီးသွား ပြည်သူပေါင်းနှစ်သိန်းကျော် လာရောက်ခဲ့

EPN
မြစ်ကြီးနား၊ မတ် ၂၆

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားကြီးတွင် ဘုရားပွဲတော် စတင်ကျင်းပသည့် တပို့တွဲလဆန်း ၅ ရက်နေ့မှစ၍ တပေါင်းလပြည့်ကျော် ၁ ရက် (ယခုလ ၂၅ ရက်)နေ့အထိ ဘုရားဖူးခရီးသွားပြည်သူပေါင်း ၂၀၇၀၃၀ ဦး လာရောက်လည်ပတ်ခဲ့ကြောင်း မန်းရွှေစက်တော် ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မြန်မာနိုင်ငံ၏ တန်ခိုးကြီးဘုရားဖြစ်သည့် မန်းရွှေစက်တော်ဘုရားကြီးတွင် နှစ်စဉ် ရက်အရှည်ကြာဆုံးသော ဘုရားပွဲတော်ကို ကျင်းပပြုလုပ်လေ့ရှိပြီး ယခုနှစ် ဘုရားပွဲတော်ကြီးကို တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ ရက်ပေါင်း(၆၄)ရက်ကြာ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ယခုနှစ်ဘုရားဖူးခရီးသွားရာသီတွင် ပွဲတော်စတင်ကျင်းပခဲ့သည့် ကာလတစ်လျောက်မှစ၍ ဘုရားဖူး ရဟန်းရှင်လူများနှင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာရောက် လည်ပတ်သူဦးရေ ၂၀၇၀၃၀ ဦးရှိပြီး၊ ညအိပ်တည်းခိုသူပေါင်း ၄၆၃၀၆ ဦးအထိ ရှိခဲ့ကြောင်း သိရသည်။

ကေကေ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။