Trending Now

မုံရွာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို NUG က အခွန်ကောက်မည်

Spread the love

မုံရွာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို NUG က အခွန်ကောက်မည်

EPN
မုံရွာ၊ မေ ၂၇

မုံရွာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကို NUG က ဇွန်လ ၁ ရက်နေ့မှ စတင်ပြီး အခွန်ငွေများကောက်ခံသွားမည်ဖြစ်ကြောင်း မေလ ၂၆ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ (၂၀) ရက်နေ့တွင် အတည်ပြု ပြဌာန်းခဲ့သော ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၆) ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေ အရ အခွန်ကောက်ခံခြင်းဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

ကောက်ခံရရှိလာသည့် အခွန်ဘဏ္ဍာငွေ များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) မှ ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်များနှင့် အညီ ထိရောက် အကျိုးရှိစွာ သုံးစွဲသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

မုံရွာမြို့နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းရှင်များကိုလည်း အခွန်ဆောင် ပေးခြင်းဖြင့် ပူးပေါင်းပါဝင်ပေးကြရန် အသိပေး ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။