Trending Now

မိုးကောင်းမြို့မ စည်ပင်သာယာဈေးကြီး ပြန်လည်ဖွင့်လှစ်နိုင်‌ရေး ပြင်ဆင်ထားရှိမှု တာဝန်ရှိသူများမှ လာရောက်စစ်ဆေး

Spread the love

မိုးကောင်းမြို့မ စည်ပင်သာယာဈေးကြီး ပြန်လည်ဖွင့်လှစ်နိုင်‌ရေး ပြင်ဆင်ထားရှိမှု တာဝန်ရှိသူများမှ လာရောက်စစ်ဆေး

EPN
မိုးကောင်း၊ မေ ၂၅

မိုးကောင်းမြို့နယ် COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကချင်ပြည်နယ် မိုးကောင်းမြို့၊ မြို့မ စည်ပင်သာယာဈေးကြီး အမြန်ဆုံးဖွင့်လှစ်နိုင်ရေး ပြင်ဆင်ထားရှိမှုကို ယနေ့ နံနက်ပိုင်းက လာရောက် စစ်ဆေးကြောင်း သိရသည်။

ယင်းသို့ စစ်ဆေးရာတွင် ကချင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မေ (၂၅)ရက် နံနက် (၁၁)နာရီအချိန်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံ၊ မြို့နယ် Covid 19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရန်နိုင်ထွန်း၊ အတွင်းရေးမှူး မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာကောင်းမြတ်စံနှင့် ကော်မတီဝင်များမှ ဈေးကြီးပြန်လည်ဖွင့်လှစ်ရန် ပြင်ဆင်ထားရှိမှုကို လာရောက်စစ်ဆေးခဲ့သည်။

“ဒီကရရှိတဲ့အခက်အလက်တွေကို ပြည်နယ်ကို တင်ပြပြီး ဈေးကြီး ဖွင့်လှစ်နိုင်ရေး ခွင့်ပြုချက် အမြန်ဆုံး ရရှိအောင် ဆောင်ရွက် ပေးသွားမှာဖြစ်ပါတယ်”ဟု ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြသွေးစံမှ ဆိုသည်။

ယနေ့ နံနက်(၉)နာရီအချိန်ကလည်း မြို့နယ်စည်ပင်သာယာရေးဦးစီးဌာန၊ မြို့နယ်စည်ပင်ကော်မတီ၊ ဈေးကော်မတီဝင်များနှင့် ဈေးဆိုင်ခန်းပိုင်ရှင်များတွေ့ဆုံ၍ ရေးပေါ်ကာလအတွင်း လိုက်နာရန် ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများကို အသေးစိတ် ဆွေးနွေးညှိနှိုင်းကြ‌ကြောင်း သိရသည်။

ကိုဗစ်နိုင်တင်း ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ၂လခန့် အကြာ ပိတ်ထားခဲ့ရသည့် မိုးကောင်းမြို့၊ မြို့မစည်ပင်သာယာဈေးကို ယခုမေလနောက်ဆုံးအပတ်အတွင်း ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း သိရသည်။

ချိုမောင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။