Trending Now

ဗြိတိန်၊ အီတလီတို့နဲ့အတူ တီထွင်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို ဂျပန်က တင်ပို့ခွင့်ပြုမယ်

Spread the love

ဗြိတိန်၊ အီတလီတို့နဲ့အတူ တီထွင်နေတဲ့ မျိုးဆက်သစ်တိုက်လေယာဉ်တွေကို ဂျပန်က တင်ပို့ခွင့်ပြုမယ်

EPN
နိုင်ငံတကာ၊ မတ် ၂၇

ဂျပန်ဟာ ဗြိတိန်၊ အီတလီတို့နဲ့အတူ တီထွင်နေတဲ့ မျိုးဆက်သစ် တိုက်လေယာဉ်ကို သတ်မှတ်ချက်တချို့အောက်မှာ တင်ပို့ခွင့်ပြုဖို့အတွက် နိုင်ငံရဲ့ ကာကွယ်ရေးပစ္စည်း တင်ပို့မှုဆိုင်ရာ စည်းမျဉ်းတွေကို ဖြေလျှော့ဖို့ ဆုံးဖြတ်လိုက်တယ်လို့ သိရပါတယ်။

တိုက်လေယာဉ်တွေကို မတင်ပို့မီ အာဏာရ ညွန့်ပေါင်းအဖွဲ့ဟာ ဆွေးနွေးမှုတွေ ပြုလုပ်ရမှာဖြစ်ပြီး တင်ပို့တဲ့အခါတိုင်း အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက် လိုအပ်မှာ ဖြစ်တယ်လို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဂျပန်နိုင်ငံဟာ အိုမင်းနေတဲ့ အမေရိကန်ထုတ် F-2 တိုက်လေယာဉ်တွေကို အစားထိုးဖို့အတွက် အဆင့်မြင့်တိုက်လေယာဉ်တစ်စီးကို တီထွင်နေပြီး ဗြိတိန်၊ အီတလီတို့နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အဆိုပါမျိုးဆက်သစ်တိုက်လေယာဉ်ဟာ Mitsubishi F-X လို့ ခေါ်တဲ့ ဂျပန်နိုင်ငံထုတ် ဆဋ္ဌမမျိုးဆက် အင်ဂျင်နှစ်လုံးတပ် ကိုယ်ပျောက်တိုက်လေယာဉ်ကို ခြေခံထားပြီး လေယာဉ်မှူးတွေကို ကူညီနိုင်ဖို့အတွက် ဉာဏ်ရည်တုနည်းပညာနဲ့ အဆင့်မြင့် အာရုံခံကိရိယာတွေကို အသုံးပြုဖန်တီးနေတယ်လို့ သိရပါတယ်။ ၂၀၃၅ ခုနှစ်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်လင့်ထားပါတယ်။

ပူးပေါင်းဖန်တီးထားတဲ့ တိုက်လေယာဉ်ကို ဂျပန်နဲ့ ကာကွယ်ရေးသဘောတူညီချက် လက်မှတ်ရေးထိုးထားပြီး ပဋိပက္ခတွေမှာ တိုက်ရိုက်ပါဝင်မှု မရှိတဲ့ နိုင်ငံတွေဆီသာ လွှဲပြောင်းနိုင်တယ်လို့ လမ်းညွှန်ချက်တွေထဲမှာ ဖော်ပြထားပါတယ်။

ဂျပန်နိုင်ငံဟာ ဒုတိယကမ္ဘာစစ်ပြီးကတည်းက တတိယနိုင်ငံကို စစ်လက်နက်ပစ္စည်းတင်ပို့ခွင့် တားမြစ်ထားခဲ့ပေမယ့် မကြာသေးခင်နှစ်တွေအတွင်း လုံခြုံရေးမူဝါဒကို ပြန်လည်ပြင်ဆင်ခဲ့ပြီး ကာကာကွယ်ရေးအသုံးစာရိတ်ကိုပါ ၂၀၂၇ ခုနှစ်မှာ NATO စံနှုန်းအထိ တိုးမြှင့်သွားဖို့ စီစဉ်ထားပါတယ်။

Ref; CNA


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။