Trending Now

အေးမြသာယာရပ်ကွက်တွင် ဖုန်းဝယ်ယူရန် ဟန်ဆောင်၍ ဆိုင်မှ လုယူထွက်ပြေးသွားသူတစ်ဦးအား ဖမ်းဆီးရမိ

Spread the love

အေးမြသာယာရပ်ကွက်တွင် ဖုန်းဝယ်ယူရန် ဟန်ဆောင်၍ ဆိုင်မှ လုယူထွက်ပြေးသွားသူတစ်ဦးအား ဖမ်းဆီးရမိ

EPN
မြစ်ကြီးနားမြို့ ဇွန်လ ၇

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အေးမြသာယာရပ်ကွက်ရှိ second ဖုန်းအရောင်းဆိုင်တစ်ခုမှ ဖုန်းနှစ်လုံး လုယူသွားခဲ့သူတစ်ဦးအား ယမန်နေ့က ပြန်လည် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ အေးမြသာယာရပ်ကွက်ရှိ (Second mobile ) တစ်ပတ်ရစ်ဖုန်းအရောင်ဆိုင်တွင် မေလ (၅)ရက်နေ့ ညနေ ၄ နာရီခန့် ဖုန်းဝယ်ရန် ဟန်ဆောင်ကာ I phone တစ်လုံး နှင့် Samsung တစ်လုံး စုစုပေါင်း (၂)လုံး လုယူကာ ထွတ်ပြေးသွားခဲ့ခြင်းဖြစ်သည်။ယင်းနောက် ၎င်း ပုံစံအား CCTV မှတစ်ဆင့် ပြန်လည်ရှာဖွေခဲ့ရာမှ ယမန်နေ့ ညနေပိုင်းတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မေလ (၅)ရက်နေ့က လူငယ်တစ်ယောက် ဆိုင်ကိုလာတယ် ဖုန်းကြည့်မယ်ဆိုပြီး I phone တစ်လုံးနဲ့ Samsung တစ်လုံး သူ့ကိုပြလိုက်တယ်၊ ဖုန်းကင်မရာ စမ်းသလိုနဲ့ နှစ်လုံးလုံးယူပြီ ထွက်ပြေးသွားခဲ့တယ်၊ ဖုန်းတန်ဖိုးက (၁၀)သိန်းကျော်ရှိတယ်၊ CCTV မှတ်တမ်းမှာရှိတဲ့ သူအင်္ကျီ သူရဲ့ ပုံစံအတိုင်း လိုက်ရှာနေတာ၊ မနေ့က ဂျပန်သင်တန်းတစ်ခုနဲ့ သင်တန်းတက်ရောင်းနိုင်ကြောင်း ကြေညာတဲ့ Post တစ်ခုမှာ အဲ့ အင်္ကျီနဲ့ လူပုံစံကလည်းတူတော့ သင်တန်းဆင်းတဲ့အချိန်စောင့်ပြီး သူကိုစစ်ဆေးမေးမြန်းကြည့်တော့ ဝန်ခံခဲ့တယ်၊ လက်ထဲမှာလည်း ဆိုင်က လုယူပြေးသွားတဲ့ ဖုန်းတစ်လုံးလည်းရှိနေတယ်“ ဟု ဖုန်းဆိုင်ပိုင်ရှင်နှင့် နီးစပ်သူတစ်ဦးကပြောဆိုသည်။

လက်ရှိတွင် ယင်းလူငယ်ကို အုပ်ထိန်းသူများမှ ဖုန်းတန်ဖိုးကျသင့်သည့်ပမာဏအတိုင်း လာရောက်ရှင်းပေးခဲ့သည့်အတွက် ပြန်လည် လွတ်ပေးခဲ့ပြီဖြစ်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့တွင် ယခုရက်ပိုင်းအတွင် အလားတူဖြစ်စဉ်များ မကြာခဏဖြစ်ပွားလာနေပြီး မေလ (၂၆)ရက်နေ့က လည်း မြို့သစ်ရပ်ကွက် ရှိ အိုင်ဖုန်းအရောင်းဆိုင် (i center) တစ်ခုတွင် I phone ၁၆ လုံး လုယူထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။