Trending Now

အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန် လေယာဉ်တင်သင်္ဘောပုံတူတစ်စီး အီရန်တည်ဆောက်

Spread the love

အမေရိကန်နဲ့ တင်းမာမှုတွေရှိနေချိန် လေယာဉ်တင်သင်္ဘောပုံတူတစ်စီး အီရန်တည်ဆောက် 

EPN
နိုင်ငံတကာ၊ ဇွန် ၁၁

အီရန်ဟာ နိုင်ငံတောင်ပိုင်းကမ်းရိုးတန်းမှာ အမှန်တကယ်ပစ်ခတ်လေ့ကျင့်မှုအတွက်သုံးနိုင်ချေရှိတဲ့ လေယာဉ်တင်သင်္ဘော ပုံတူတစ်စီးကို အီရန်ကတည်ဆောက်နေပါတယ်။

အဲဒီသင်္ဘောဟာ ဟော်မုဇ်ရေလက်ကြားထဲကနေ ပါရှန်းပင်လယ်ကွေ့ကို အမေရိကန်ရေတပ်က ပုံမှန်ဖြတ်သန်းသွားလေ့ရှိတဲ့ နီမစ်ဇ်အမျိုးအစားလေယာဉ်တင်သင်္ဘောကြီးတွေနဲ့ဆင်တူပါတယ်။

အီရန်အရာရှိတွေက အသိမပေးသေးပေမဲ့ ဒီပုံတူ သင်္ဘောဟာ ၂၀၁၅ ခုနှစ်ကလှောင်ပြောင်တဲ့သဘောနဲ့ အီရန်တည်ဆောက်ခဲ့တဲ့သင်္ဘောပုံစံကို အီရန်တော်လှန်ရေးအစောင့် တပ်ဖွဲ့ကပြန်ပြင်ဆင်နေတဲ့သဘောဖြစ်ပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီက အီရတ်နိုင်ငံမြို့တော်ဘက္ကဒက်မှာ တော်လှန်ရေးအစောင့်တပ်ဖွဲ့က ဗိုလ်ချုပ်ကြီးကာဆမ် ဆိုလမ်မာနီကို အမေရိကန်က မောင်းသူမဲ့ဒရုန်းလေယာဉ်နဲ့လုပ်ကြံခဲ့ရာမှာ သူ့ရဲ့လှုပ်ရှားမှုအချက်အလက်အသေးစိတ်ဝေမျှခဲ့တယ်ဆိုပြီး လူတစ်ယောက်ကို သေဒဏ်ချတယ်လို့ အင်္ဂါနေ့မှာ အီရန်ကကြေညာခဲ့ပြီးနောက် အခုပုံစံတူသင်္ဘောကိစ္စပေါ်ထွက်လာတာပါ။
ပုံတူသင်္ဘောဟာ ကုန်းပတ်ပေါ်မှာ တိုက်လေယာဉ် ၁၆ စင်းတင်ထားပြီး မီတာ ၂၀၀ အရှည်၊ မီတာ ၅၀ အကျယ်ရှိပါတယ်။

နီမစ်ဇ်သင်္ဘောအစစ်ကတော့ မီတာ ၃၀၀ အရှည်နဲ့ ၇၅ မီတာအကျယ်ရှိပါတယ်။

အရှေ့အလယ်ပိုင်းဒေသပင်လယ်ရေပြင်ကို ကင်းလှည့်နေတဲ့ ဘာရိန်းအခြေစိုက်အမေရိကန်ရဲ့အမှတ် ၅ သင်္ဘောတပ်ဖွဲ့စုကို မှတ်ချက်တောင်းခံထားပေမဲ့ တစုံတရာမတုံ့ပြန်သေးပါဘူး။

Ref :Amid US tension, Iran builds fake aircraft carrier to attack


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။