Trending Now

တီးတိန်ပြည်သူ့ဆေးရုံတွင် လျှပ်စစ်မီး ၂၄ နာရီရရှိအောင် ပြည်နယ်အစိုးရက ဖြေရှင်းပေးမည်

Spread the love

တီးတိန်ပြည်သူ့ဆေးရုံတွင် လျှပ်စစ်မီး ၂၄ နာရီရရှိအောင် ပြည်နယ်အစိုးရက ဖြေရှင်းပေးမည်

EPN
ကလေး၊ ဧပြီ ၁၈

ချင်းပြည်နယ် တီးတိန်မြို့ ကုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံတွင် လျှပ်စစ်မီးအခက်ခဲသဖြင့် ၂၄ နာရီရရှိအောင် ပြည်နယ်အစိုးရက ဖြေရှင်းပေးမည်ဖြစ်ကြောင်း ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးပေါင်လုံမင်းထန်က ပြောသည်။

ယခုလက်ရှိမှာတော့ တီးတိန်မြို့ ခုတင်(၁၀၀)ပြည်သူ့ဆေးရုံတွင် လျှပ်စစ်မီးရရှိမှုမှာ တစ်ရက်လျှင် (၆)နာရီမှ (၈)နာရီအထိသာ ရရှိခြင်းဖြစ်သည်။

“ဆေးရုံကို ၂၄ နာရီလုံးမီးရအောင်လုပ်ပေးမယ်။တမြို့လုံးကလဲ နောက်ထပ်တစ်နာရီတိုးရအောင် မီးစက်အတွက်လိုအပ်တဲ့ လျှပ်စစ်ကိုဒီဇယ်ပေးမယ်။လျှပ်စစ်မီးအတွက် သူတို့တင်ပြထားတာက တစ်လကို ၄၉ သိန်း ကျတယ်။ဒါကိုထပ်ဖြည့်စီးပေးဖို့၊ဆေးရုံကို ၂၄ နာရီလျှပ်စစ်မီးရနိူင်ဖို့အတွက် ပြည်နယ်အစိုးရကနေ ဒီဇယ်တွေပေးဖို့ လုပ်နေပြီ။တီးတိန်ဆေးရုံမှာ Positiveလူနာ ၄ ယောက်ရှိတယ်။အခုနောက်ပိုင်းက စက်ပစ္စည်တွေသုံးတာများတယ်။အရင်ထက်စာရင် အသုံးပြုရတယ်။ဒါကြောင့် လျှပ်စစ်မီးရအောင်လုပ်ပေးတာပါ”ဟု ဦးပေါင်လွန်မင်းထန်ကပြောသည်။

လက်ရှိအချိန်မှာတော့ တီးတိန်မြို့ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ၌COVID-19ပိုးတွေ့လူနာ အမှတ် ၁ လူနာအမျိုးသား၊၎င်း၏မိခင် အသက် (၅၈)နှစ်အရွယ်နှင့်အသက် (၄၉)နှစ်အရွယ် အမျိုးသမီး (၁)ဦးနှင့်အသက် ၆၇ နှစ်အရွယ် ခရစ်ယာန်ဆရာတော်တစ်ဦးတိုကိုသီးသန့်ထားပြီး ဆေးကုပေးလျက်ရှိပြီး ပိုးတွေ့လူနာများ၏ကျန်းမာရေးအခြေအနေတည်ငြိမ်လျက်ရှိသည်။

တီးတိန်မြို့၌ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို မတ် ၂၆ရက်မှ စတင်၍ အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ တီးတိန်မြို့ အဝင်၊အထွက်(၅)နေရာတွင် လက်ဆေးကန်များထားရှိပြီးခရီးသွားပြည်သူများ လက်ဆေးခြင်း၊မှတ်တမ်းရယူခြင်း၊အပူချိန်တိုင်းပေးခြင်းများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့၊မြို့နယ်မီး သတ်၊မြို့နယ်ကြက်ခြေနီအသင်းနှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ဆောင်ရွက်လျက်ရှိသည်။

သူရိယထက်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။