Trending Now

ချစ်သူစုံတွဲနှစ်ဦး ညအချိန် ချိန်းတွေ့ရာမှ ဓားပြတိုက်ခံရ၍ ချစ်သူကောင်လေးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးပြီး ချစ်သူ မိန်းကလေးမှာ ဒဏ်ရာအနည်းငယ်ရရှိ

Spread the love

ချစ်သူစုံတွဲနှစ်ဦး ညအချိန် ချိန်းတွေ့ရာမှ ဓားပြတိုက်ခံရ၍ ချစ်သူကောင်လေးမှာ ဓားဒဏ်ရာများဖြင့် သေဆုံးပြီး ချစ်သူ မိန်းကလေးမှာ ဒဏ်ရာအနည်းငယ်ရရှိ

EPN
နေပြည်တော်၊ ဇူလိုင် ၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို၊ ကန်ကြီးရေကန်ဘောင်တွင် ညအချိန်တွင် ချစ်သူစုံတွဲ ချိန်း တွေ့ရာမှ ဓားပြတိုက်ခံရ၍ ချစ်သူကောင်လေးမှာ ဓားဒဏ်ရာများဖြင့် သေဆုံး၍ ချစ်သူမိန်းကလေးမှာ ဒဏ်ရာ အနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

ဇူလိုင်လ ၃ ရက် ည ၉:၁၀ အချိန်တွင် ဓားပြတိုက်သည့် အမျိုးသားနှစ်ဦးမှ ကန်ကြီးရေကန်ဘောင်တွင် ချစ်သူနှစ်ဦးချိန်းတွေ့နေသည့် အတွဲအား ဓားပြတိုက်ရာ ဖုန်းအားမပေးသောကြောင့် ချစ်သူအမျိုးသားကို ဓားပြတိုက်အဖွဲမှ ဓားအချက်ပေါင်းများစွာ ထိုးသွင်းပြီးထွက်ပြေးသွားကြောင်း သိရသည်။

“ချစ်သူစုံတွဲတွေ ချိန်းတွေ့တာ။ အဲ့မှာ သူတိုဆီကနေ ရှိတာအကုန်ထုတ်ဆိုပြီး ချိန်းခြောက်ပြီးတော့ ဖုန်း တောင်းတာ ဖုန်းကိုမပေးတော့ ကောင်လေးကို ဓားနဲ့ထိုးသွားတာ။ ကောင်လေးကတော့ ဓားဒဏ်ရာ အများကြီး အထိုးခံရတော့ ဆုံးသွားတယ်။ ကောင်မလေးကတော့ ဒဏ်ရာအနည်းငယ်ပဲရရှိတယ်။ လူတွေ အသိမြန်တော့ ဆိုင်ကယ်တွေ၊ ဖုန်းတွေတော့ ပါမသွားဘူး” လို မြိတ်မြိုတွင် နေထိုင်သည့် ပြည်သူတစ်ဦး ကပြောပါတယ်။

ထိုသေဆုံးသည့် အမျိုးသားမှာ စက်ဝန်းရပ်၊ ဒိုင်လမ်းတွင် နေထိုင်သူဖြစ်ပြီး ထိုရုပ်အလောင်းကို ဒေသခံ လူမှုကူညီရေးအသင်းမှ သွားရောက်ကူညီခဲ့ကြောင်း သိရသည်။

Photo – Credit

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။