Trending Now

အများပြည်သူ သွားလာအသုံးပြုနေတဲ့ မုံရွာ – မန္တလေး ကားလမ်းမကြီးပေါ်မှာ မိုင်းထောင်ထားလို့ သက်ဆိုင်ရာက သွားရောက်ရှင်းလင်း

Spread the love

အများပြည်သူ သွားလာအသုံးပြုနေတဲ့ မုံရွာ – မန္တလေး ကားလမ်းမကြီးပေါ်မှာ မိုင်းထောင်ထားလို့ သက်ဆိုင်ရာက သွားရောက်ရှင်းလင်း
EPN
မြင်းမူ၊ ဖေဖော်ဝါရီ ၂၁
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မုံရွာ မန္တလေးကားလမ်း အလ္လကပ္ပကျေးရွာနဲ့ ဝမ်းပြည့်ကျေးရွာအကြားမှာ ခရီးသွားပြည်သူများ ထိခိုက်သေကြေစေရန် ရည်ရွယ်ချက်ဖြင့် အကြမ်းဖက်သမားများက လမ်းပေါ်မှာ မိုင်းတွေထောင်ထားတဲ့အတွက် သက်ဆိုင်ရာက ဖေဖော်ဝါရီ ၂၀ ရက်၊ မနေ့ကညနေပိုင်းမှာ သွားရောက်ရှင်းလင်းခဲ့ရတယ်လို့ ကားသမားတွေထံက သိရပါတယ်။
“ကားလမ်းမှာ လက်လုပ်မိုင်း အကြီးစားကြီးတွေ ထောင်ထားတာတွေ့ရတယ်၊ အများပြည်သူအသုံးပြု သွားလာနေတဲ့ လမ်းမကြီးဘေးဖြစ်တယ် ” လို့ ကားသမားတစ်ယောက်က ပြောပါတယ်။
အဲ့ဒါကြောင့် မိုင်းရှင်းလင်းရေးအထူးအဖွဲ့က အဲ့ဒီမိုင်းတွေကို သွားရောက်ဖယ်ရှား ရှင်းလင်းခဲ့ရတယ်လို့ သိရပါတယ်။
မုံရွာ – မန္တလေးကားလမ်း မိုင်းရှင်းလင်းတာနဲ့ ပတ်သက်ပြီး မြင်းမူမြို့နယ် ရဲတပ်ဖွဲ့ရုံး တာဝန်ရှိသူ တစ်ဦးက ” စလစ်မိုင်း ၁၄ လုံး၊ လက်လုပ်ရှော့တိုက် စိန်‌ပြောင်း ဗုံးသီး ၁၃ လုံး၊ ဝါယာကြိုး ၁ ခွေ၊ ဆာကစ်ပြား ၂ ဗူးတို့အား သိမ်းဆည်းရမိတယ် ” လို့ ပြောပါတယ်။
မိုင်းထောင်တွေ အများကြီးထောင်ထားတယ်ဆိုတဲ့ မုံရွာ မန္တလေးကားလမ်းဟာ ပခုက္ကူ၊ မြိုင်၊ ရေစကြို၊ မုံရွာ၊ ဘုတလင်၊ ရေဦး စတဲ့ မြို့နယ်တွေက နေ့စဥ် လူမှုရေး ၊ ကျန်းမာရေး၊ စီးပွားရေး ကဏ္ဍတွေအပြင် အညာဒေသရဲ့ အဓိက ကုန်သွယ်ရေး လမ်းမကြီးဖြစ်တယ်လို့ သိရပါတယ် ။
သွန်းသွန်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။