Trending Now

ကင်မရွန်းနိုင်ငံတောင်ပိုင်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူ ၁၂ ဦး သေဆုံး

Spread the love

ကင်မရွန်းနိုင်ငံတောင်ပိုင်းတွင် ကာလဝမ်းရောဂါဖြစ်ပွားမှုကြောင့် လူ ၁၂ ဦး သေဆုံး

EPN
နိုင်ငံတကာ၊ ဇူလိုင် ၉

ကင်မရွန်းနိုင်ငံတောင်ပိုင်းရှိ တံငါကျေးရွာတစ်ခုဖြစ်သည့် လွန်ဂျီရွာတွင် ကာလဝမ်းရောဂါဖြစ်ပွားမှု ကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ ကျန်းမာရေးအာဏာပိုင်များက ပြောကြားလိုက်သည်။

ကင်မရွန်းနိုင်ငံ ကမ်းခြေအပန်းဖြေစခန်းမြို့ ကရီဘီမြို့မှ ၁၅ ကီလိုမီတာအကွာခန့်တွင်တည်ရှိသော အ ဆိုပါရွာ၌ သံသယဖြစ်ဖွယ်ရာ ကာလဝမ်းရောဂါဖြစ်ပွားသူ ၈၃ ဦးအနက် အတည်ပြုလူနာ ၆၂ ဦးရှိကြောင်း တာ ဝန်ရှိသူများက ကြေညာခဲ့သည်။

ကာလဝမ်းရောဂါပျံ့နှံ့မှု ထိန်းချုပ်မည့် ကာကွယ်ဆေးထိုးရေး အစီအစဉ်တစ်ခုကို လွန်ဂျီရွာတွင် မကြာ ခင် စတင်မည်ဟု တောင်ပိုင်းဒေသ အုပ်ချုပ်ရေးမှူး ဖီးလစ်ဇ်ဂူလီဂူလီက ပြောကြားခဲ့သည်။

“ကျွန်တော်တို့ အရေးတကြီး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ အခြေအနေက စိတ်ပူပန်စရာပါ။ ကြိုတင် ကာကွယ်မှု အစီအမံတစ်ရပ်အနေနဲ့ ရွာထဲက တံငါသည်တွေကို နေရာရွှေ့ပြောင်းမှာဖြစ်ပါတယ်” ဟု ၄င်းက သ တင်းထောက်များသို့ ပြောကြားခဲ့သည်။

လွန်ဂျီကျေးရွာတွင် ကာလဝမ်းရောဂါ ဖြစ်ပွားရခြင်းမှာ ညံ့ဖျင်းသော ပတ်ဝန်းကျင်သန့်ရှင်းရေး အခြေအနေများကြောင့် တာဝန်ရှိသူများက ဆိုသည်။

ရွာသားလေးဦး ကာလဝမ်းရောဂါနှင့်ဆက်စပ်သော ရောဂါလက္ခာများကြောင့် ရုတ်တရက် သေဆုံးပြီး နောက် ဇွန်လအတွင်း အဆိုပါကပ်ရောဂါကို ပထမဆုံး သတိပြုမိခဲ့ခြင်းဖြစ်သည်။

–ကိုးကား–
ဆင်ဟွာ
Ref; Cholera outbreak kills 12 in S. Cameroonian village


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။