Trending Now

အရန်ဆန်များ ထုတ်ရောင်းပေးမည်ဖြစ်၍ စိုးရိမ်စိတ်ဖြင့် ဆန်များဝယ်ယူစုဆောင်းမှု မပြုလုပ်ရန် ဆန်စပါးအသင်းချုပ် ထုတ်ပြန်

Spread the love

အရန်ဆန်များ ထုတ်ရောင်းပေးမည်ဖြစ်၍ စိုးရိမ်စိတ်ဖြင့် ဆန်များဝယ်ယူစုဆောင်းမှု မပြုလုပ်ရန် ဆန်စပါးအသင်းချုပ် ထုတ်ပြန်

EPN
မြစ်ကြီးနား၊ ဇူလိုင် ၂၈

ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းတည်ငြိမ်စေရေးအတွက် အရန်ဆန်များနှင့် အခြားသော အစီအစဉ်ဖြင့် စီစဉ်ထားသည့် ဆန်များကို ဈေးကွက်အတွင်း အမြန်ဆုံးရောင်းချပေးသွားမည်ဖြစ်၍ စိုးရိမ်စိတ်ဖြင့် ဆန်များဝယ်ယူစုဆောင်းမှု မပြုလုပ်ရန် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ယနေ့ ထုတ်ပြန်ထားသည်။

ကနဦးအနေဖြင့် ၂၅ ရာခိုင်နှုန်း အဆင့် – Single Polished & Sorted ၅၀ ကီလိုအိတ် အိတ်ရေ ၅၀၀၀၀ ကို ဦးစွာ ထုတ်ရောင်းသွားမည်ဖြစ်ပြီး လိုအပ်ပါက ထပ်မံတိုးမြှင့်ရောင်းချရေးစီမံသွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

အသင်းချုပ်အနေဖြင့် ဆန်ဈေးနှုန်း တည်ငြိမ်မှန်ကန်စေရေးအတွက်လည်းကောင်း၊ စားသုံးပြည်သူများအတွက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန်ဖြစ်စေရေးအတွက် လိုအပ်သည်များကို ပုဂ္ဂလိကအခန်းကဏ္ဍမှနေ၍ စီစဉ်သွားမည်ဖြစ်ကြောင်းနှင့် သိုလှောင်ရုံ မှတ်ပုံတင်မှု၊ သိုလှောင်ရုံစစ်ဆေးမှုများကိုလည်း ဆက်လက်စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။

မြန်မာနိုင်ငံအနေဖြင့် ဆန်ဖူလုံမှုအပြည့်အဝရှိပြီး၊ ပိုလျှံမှုကို ပြည်ပသို စနစ်တကျတွက်ချက် တင်ပိုရောင်းချနေခြင်းဖြစ်ပြီး လက်တလော ပြည်တွင်းဆန်စပါးဖူလုံမှု၊ လုံလောက်မှု အပြည့်အဝရှိနေခြင်း၊ လျှပ်စစ်ပိုမိုရရှိ၍ ဆန်စက်များလည်ပတ်ချိန် ပိုများလာခြင်း၊ ပဲခူးတိုင်း (အနောက်ပိုင်း)နှင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စပါးရိတ်သိမ်းချိန်၊ စပါးပေါ်ထွက်နေဆဲဖြစ်၍ ဆန်ဈေး၊ စပါးဈေး တည်ငြိမ်ရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။