Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်အလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ အလုပ်သမားအမျိုးသမီးတစ်ဦး သေဆုံး

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အထည်ချုပ်အလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့တို့ကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့လို့ အလုပ်သမားအမျိုးသမီးတစ်ဦး သေဆုံး

EPN
နိုင်ငံတကာ၊ နိုဝင်ဘာ ၈

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ဗုဒ္ဓဟူးနေ့က ရဲတပ်ဖွဲ့နဲ့ လစာတိုးပေးဖို့တောင်းဆိုတဲ့ အထည်ချုပ် အလုပ်သမားတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပြီး အမျိုးသမီးအလုပ်သမားတစ်ဦး သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အထည်ချုပ်စက်ရုံလုပ်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ရုန်းရင်းဆန်ခတ်ဖြစ်ပွားနေတာ တစ်ပတ်ခန့်ရှိလာပြီဖြစ်ပြီး အနိမ့်ဆုံးလုပ်ခလစာကို လာမယ့် ဒီဇင်ဘာ ၁ ရက်နေ့ကစတင်ကာ ၁၂၅၀၀ တာကာ (၁၁၄ ဒေါ်လာ) အထိ တိုးမြင့်ပေးမယ်လို့ ဘင်္ဂလားဒေ့ရှ် အစိုးရက အင်္ဂါနေ့က ပြောကြားခဲ့ပါတယ်။

လစာတိုးမြှင့်မှုပေါ် ကျေနပ်မှုမရှိတဲ့ ရာနဲ့ချီတဲ့ အထည်ချုပ်အလုပ်သမားတွေက မြို့တော်ဒါကာရဲ့ လမ်းတွေပေါ်မှာ ဆန္ဒပြပွဲတွေပြုလုပ်လာခဲ့ကြပြီး ဆန္ဒပြပွဲတွေကိုဖြိုခွင်းဖို့ ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေနဲ့ ရာဘာကျည်ဆန်တွေ အသုံးပြုခဲ့ရတယ်လို့ ပြောပါတယ်။

“အလုပ်သမားတွေက လမ်းတွေကို ပိတ်ဆို့ပြီး ကားအမြောက်အမြားကို ဖျက်ဆီးခဲ့ပါတယ်။ ကျွန်တော်တို့ကို အုတ်ခဲတွေနဲ့ ပစ်ပေါက်နေတဲ့ လူရမ်းကား အလုပ်သမားတွေကို လူစုခွဲဖို့ မျက်ရည်ယိုဗုံးတွေ၊ ရော်ဘာကျည်ဆန်တွေနဲ့ အသံဗုံးတွေကို အသုံးပြုခဲ့ရတယ်” လို့ ဒေသဆိုင်ရာ ရဲအရာရှိ အာရှာဖ် ယူဒင်က ပြောကြားခဲ့ပါတယ်။

ဝန်ထမ်းလစာနည်းပါးမှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို H&M နဲ့ GAP တို့လို အထည်ချုပ်လုပ်ငန်းတွေအများအပြားဝင်ရောက်လာခဲ့ပြီး အထည်ချုပ်စက်ရုံ ၄၀၀၀ ခန့်ကို အလုပ်သမား ၄ သန်းကျော်နဲ့ လည်ပတ်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

အထည်ချုပ်စက်ရုံလုပ်ငန်းတွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတစ်ခုဖြစ်ပြီး GDP ရဲ့ ၁၆ ရာခိုင်နှုန်းနီးပါးအထိရှိတယ်လို့ ဆိုပါတယ်။

Ref;reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။