Trending Now

ရုရှားသမ္မတ ပူတင်က သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသ ၄ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာ

Spread the love

ရုရှားသမ္မတ ပူတင်က သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသ ၄ ခုမှာ စစ်အုပ်ချုပ်ရေးကြေညာ

EPN
နိုင်ငံကတာ၊ အောက်တိုဘာ ၂၀

ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ရုရှားသိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသလေးခုဖြစ်တဲ့ ဒိုနက်စ်၊ လူဟန့်စ်၊ ဇါဖိုယီဇီးယား နဲ့ ခါဆွန်ဒေသတွေမှာ စစ်အုပ်ချုပ်ရေး အမိန့်ကို ပြဌန်းဖို့ မနေ့က အောက်တိုဘာ ၁၉ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

ပူတင်က စစ်အုပ်ချုပ်ရေးဥပဒေအရ လုပ်ဆောင်ရမယ့် ခြေလှမ်းတွေကို ချက်ခြင်း မဖော်ပြခဲ့ပေမယ့် သူ့ရဲ့အမိန့်ဟာ ဒီနေ့ ကြာသပတေးနေ့ကစပြီး အသက်ဝင်တယ်လို့ ပြောပါတယ်။

“ရုရှားရဲ့ လုံခြုံရေးနဲ့ ဘေးကင်းလုံခြုံတဲ့ အနာဂတ်ကို သေချာစေဖို့၊ ကျွန်တော်တို့ ပြည်သူတွေကို ကာကွယ်ဖို့ အလွန်ခက်ခဲတဲ့ ကြီးမားတဲ့ လုပ်ငန်းဆောင်တာတွေကို ဖြေရှင်းဖို့ ကျွန်တော်တို့ လုပ်ဆောင်နေပါတယ်” လို့ လုံခြုံရေးကောင်စီ အစည်းအဝေးအစပိုင်းမှာ ရုရှားသမ္မတ ပူတင်က ပြောကြားခဲ့ပါတယ်။

ပူတင်ရဲ့ အမိန့်နဲ့ ဟာ ရှစ်လနီးပါကြာလာတဲ့ ရုရှား-ယူကရိန်း စစ်ပွဲအတွင်းမှာ စတင်ဘာလကတည်းက ရရှားက ယူကရိန်းတပ်ဖွဲ့ဝင်တွေကို ဆက်တိုက်ရှုံးနိမ့်ခဲ့တာကြောင့် တန်ပြန်နိုင်ဖို့အတွက် နောက်ဆုံးကြိုးစားမှုတစ်ခုအဖြစ် သတင်းဌာန အများအပြားက ဖော်ပြခဲ့ပါတယ်။

ရုရှားခေါင်းဆောင်က အထူးစစ်ဆင်ရေးလို့ ခေါ်တဲ့ ယူကရိန်းတိုက်ပွဲတွေကိုကိုင်တွယ်ရာမှာ အစိုးရအေဂျင်စီတွေကြား အပြန်အလှန်ဆက်ဆံရေးတိုးမြှင့်ဖို့ ညှိနှိုင်းရေးကော်မတီကို ဖွဲ့စည်းဖို့လည်း ရုရှားခေါင်းဆောင်က အမိန့်ပေးခဲ့ပါတယ်။

”ရှေ့တန်းမှာ ရှိတဲ့ သူတွေနဲ့ လေ့ကျင့်ရေး စင်တာတွေမှာ လေ့ကျင့်မှု ခံယူနေသူတွေဟာ ကျွန်တော်တို့ရဲ့ ပံ့ပိုးကူညီမှုကို လိုအပ်ပြီး သူတို့နောက်ကွယ်မှာ ကြီးမားတဲ့ တိုင်းပြည်ကြီးနဲ့ စည်းလုံးညီညွတ်တဲ့ လူတွေ ရှိနေတယ်ဆိုတာ သိထားသင့်ပါတယ်။” လို့ ပူတင်က ပြောဆိုခဲ့ပါတယ်။

— ကိုးကား —
အေဖက်ပီ
Ref; Vladimir Putin declares martial law in annexed regions of Ukraine

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။