Trending Now

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါတ်တာမြင့်နိုင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရ

Spread the love

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဟောင်း ဒေါတ်တာမြင့်နိုင် ထောင်ဒဏ် ၂၁ နှစ် ချမှတ်ခံရ

EPN

မြစ်ကြီးနား ၊ ဖေဖော်ဝါရီ ၂၈

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဒေါတ်တာမြင့်နိုင်ကို တရားရုံးက ဖေဖော်ဝါရီ ၂၈ ရက် ဒီကနေ့ ထောင်ဒဏ် ၂၁ နှစ် အမိန့်ချလိုက်တယ်လို့ သူနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ သိရပါတယ်။

ဝန်ကြီးချုပ်ဒေါက်တာမြင့်နိုင်ကို မုံရွာအကျဉ်းထောင် တရားရုံးက ဒီကနေ့ အမှု ၇ မှု အတွက် တစ်မှုကို ထောင်ဒစ် ၃ နှစ်စီ စုစုပေါင်း ထောင်ဒဏ် ၂၁ နှစ် အမိန့်ချမှတ်လိုက်တာဖြစ်တယ်လို့ ၎င်းနဲ့ နီးစပ်သူများထံက သိရပါတယ်။

ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) ပုဒ်မနဲ့လည်း ထောင်ဒဏ် ၂ နှစ်ချမှတ်ထားခဲ့ပြီး ဒီကနေ့ ချမှတ်ခဲ့တဲ့ အမိန့်အပါဝင် စုစုပေါင်း ထောင်ဒဏ် ၂၃ နှစ်ထိ အမိန့်ချမှတ်ခံထားရပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲကော်မရှင်ကလည်း ဒေါက်တာမြင့်နိုင်ကို ပုဒ် ၁၇၁ (စ) နဲ့ တရားစွဲထားလို့ အမှုဆက်လက်ရင်ဆိုင်ရမှာဖြစ်တယ်လို့ သိရပါတယ်။


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။