Trending Now

(၇၈) နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုသည့် အနေဖြင့် ဗန်းမော်မြို့နယ်အတွင်းက စာသင်ကျောင်းများ ဘုရားစေတီတို့တွင် အစိုးရ ဌာနပေါင်းစုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

Spread the love

(၇၈) နှစ်မြောက် တပ်မတော်နေ့ အကြိုဂုဏ်ပြုသည့် အနေဖြင့် ဗန်းမော်မြို့နယ်အတွင်းက စာသင်ကျောင်းများ ဘုရားစေတီတို့တွင် အစိုးရ ဌာနပေါင်းစုံ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

EPN
ဗန်းမော်၊ မတ်လ ၂၅

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင် ဗန်းမော်မြို့ပေါ်ရှိ စာသင်းကျောင်းများ၊ ဘုရားစေတီတို့တွင် ဗန်းမော်မြို့နယ်အတွင်းက ဌာနပေါင်းစုံ စုပေါင်း၍ ယနေ့ နံနက် ၇နာရီအချိန်တွင် စုပေါင်း သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ် အတွင်း၌ (၇၈) နှစ်မြောက် တပ်မတော်နေ့အား အကြိုဂုဏ်ပြုသည့်အနေဖြင့် ဗန်းမော်မြို့နယ်အတွင်းက တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ နှင့် အခြားသက်ဆိုင်သည့် ထွေအုပ်၊ စည်ပင်သာယာရေး ဝန်ထမ်းများ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းလုပ်ခဲ့ခြင်းဖြစ်ကြောင်း တာဝန်ရှိသူ တစ်ဦးက ပြောသည်။

“မတ်လ ၂၇ နေ့မှာ ကျရောက်မယ့် ၇၈ နှစ်မြောက် တပ်မတော်နေ့ ကို အကြိုဂုဏ်ပြုတဲ့ အနေနဲ့ ဒီနေ့ မနက် ၇နာအချိန်မှာ ဗန်းမော်မြို့နယ်အတွင်းက ဌာနဆိုင်များအဖွဲ့အစည်းတွေ တပ်မတော်သားတွေ နဲ့ ရဲတပ်ဖွဲ့ဝင်တွေ စုပေါင်းပြီး သန့်ရှင်းရေးလုပ်ငန်းတွေဖြစ်တဲ့ သစ်ပင်ခြံနွယ်များခုတ်ရှင်းလင်းရှင်းတွေ အမှိုက်ကောက်တာတွေ သန့်ရှင်းရေးလုပ်ငန်းတွေ ကို စုပေါင်းလုပ်ဆောင်ပေးခဲ့တယ်“ ဟု ၎င်းက ရှင်းပြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းလုပ်ငန်းကို ဗန်းမော်မြို့၊ ရွှေပြည်သာရပ်ကွက်အတွင်းရှိသည့် အစိုးရနည်းပညာ အထက်တန်းကျောင်းအတွင်း နံနက် ၇နာရီအချိန်မှ စ၍ မနက် ၁၀နာရီ အချိန်ထိ စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ယင်းစုပေါင်း သန့်ရှင်းရေးလုပ်ဆောင်ပေးနေသည့် တပ်မတော်သားများ၊ အစိုးရ ဌာနဆိုင်ရာ အဖွဲ့ဝင်များအား ကျောင်းသား၊ ကျောင်းသူများက မုန့်နှင့် ဖျော်ရည်များ ပြန်လည် ကျွေးမွေးပေးခဲ့ကြောင်း သိရပြီး အဆိုပါ လုပ်ငန်းအား နှစ်စဉ် မပြတ် ဆောင်ရွက်လေ့ရှိကြောင်း သိရသည်။

မြတ်မင်း

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။