Trending Now

ရေးလွှမ်းမိုးလို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် မြောက်ကိုရီယားခေါင်းဆောင်က တာဝန်မဲ့ ထိပ်တန်းအရာရှိတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်

Spread the love

ရေးလွှမ်းမိုးလို့ ပျက်စီးဆုံးရှုံးမှုတွေအတွက် မြောက်ကိုရီယားခေါင်းဆောင်က တာဝန်မဲ့ ထိပ်တန်းအရာရှိတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်

EPN
နိုင်ငံတကာ၊ ဩဂုတ် ၂၂

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းက ရေးလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတွေအတွက် တာဝန်မဲ့တဲ့ တုံ့ပြန်မှုအဖြစ် ထိပ်တန်းအရာရှိတွေကို ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ပြီး နိုင်ငံ့စီးပွားရေးကို ထိခိုက်စေခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။

တာတမံတစ်ခု ပျက်စီးမှုကြောင့် စပါးခင်း ဟက်တာ ၂၇၀ ကျော် အပါအဝင် လယ် ၅၆၀ ဟက်တာကျော် ရေနစ်မြုပ်ခဲ့ပြီးနောက် ကင်က တနင်္လာနေ့မှာ အနောက်ဘက်ကမ်းရိုးတန်းရှိ ဒီရေကို ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

တာဝန်ဝတ္တရား လစ်ဟင်းမှုအတွက် အစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်တဲ့ ကင်တော့ခ်ဟန်ကို အပြစ်တင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း ကင်တော့ခ်ဟန်ရဲ့ အုပ်ချုပ်ရေး၊ စီးပွားရေးနဲ့ စည်းကမ်းပိုင်းဆိုင်ရာတွေဟာ ပိုမိုဆိုးရွားလာခဲ့တယ်လို့ ကင်ဂျုံအန်းက ပြောပါတယ်။

” ပျင်းရိသူတွေဟာ တာဝန်မဲ့အလုပ်နဲ့ နိုင်ငံတော်ရဲ့ စီးပွားရေးလုပ်ငန်းအားလုံးကို လုယက်ဖျက်ဆီးနေကြတယ် ” လို့ KCNA က အင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ သတင်းမှာ ဖော်ပြထားပါတယ်။

တာဝန်မဲ့မှုနဲ့ စည်းကမ်းမရှိခြင်းဟာ ဝန်ကြီးချုပ်ရဲ့ အားနည်းတဲ့ အလုပ်သဘောထားနဲ့ အစိုးရအဖွဲ့ရဲ့ မှားယွင်းတဲ့ အမြင်ကြောင့်သာဖြစ်ကြောင်း ကင်ဂျုံအန်းက ပြောကြားခဲ့ပါတယ်။

တောင်ကိုရီးယား ချောင်းဂန် တက္ကသိုလ်က မြောက်ကိုရီးယား လေ့လာရေးပါမောက္ခလင်းက ကင်းဂျုံးအန်းရဲ့ ပြင်းထန်တဲ့ ပြစ်တင်ဝေဖန်မှုဟာ အစိုးရအဖွဲ့အပြောင်းအလဲကို ဖြစ်ပေါ်စေနိုင်တယ်လို့ ပြောကြားခဲ့ပါတယ်။

“ တကယ်တော့ ကင်က သူလိုချင်သလောက် မတိုးတက်တဲ့ အမျိုးသားစီးပွားရေးကို ဒေါသထွက်နေပုံရတယ် ” လို့ လင်းက ပြောပါတယ်။

Ref; reuters

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။