Trending Now

မချမ်းဘောမြို့တွင် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

Spread the love

မချမ်းဘောမြို့တွင် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

EPN
ပူတာအို၊ မတ်လ ၈ (၂၀၂၄)

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘောမြို့တွင် ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့ မတ်လ ၇ရက်နေ့က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောင်းသားလူငယ်များ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် စာဖတ်ရှိန် မြှင့်တင်လာစေရန် ရည်ရွယ်၍ ဟောပြောပွဲနှင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ဖုန်ကူးခါ့မိုင် က မင်္ဂလာဆိုသည်မှာ ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောရာတွင် မင်္ဂလာပါ၏ အဓိပ္ပါယ်၊ လူတိုင်းပြောဆိုနေကြသည့် မင်္ဂလာပါစကားနှင့် ကိုက်ညီသည့် အနေအထိုင်၊ အပြောအဆိုများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

ယင်းနောက် စာစီစာကုံးပြိုင်ပွဲကိုဆက်လက်ကျင်းပရာ ကျောင်းသား/ကျောင်းသူ ၂၀ဦးတို့က ကျွန်တော်၏ ရည်မှန်းချက် ခေါင်းစဥ်ဖြင့် ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အခြေခံအင်္ဂလိပ်စာ သင်တန်းဆင်းပွဲရက်တွင် ဆုများချီးမြှင့် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကသစ်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။