Trending Now

ဘိုကလေးမြို့နယ်တွင် ဆိုင်ကယ်တားပြီး ဓားနှင့်ခုတ် တုတ်ဖြင့်ရိုက်နက်ကာ ဖုန်းနှင့်ပိုက်ဆံ လုယက်ခံရ

Spread the love

ဘိုကလေးမြို့နယ်တွင် ဆိုင်ကယ်တားပြီး ဓားနှင့်ခုတ် တုတ်ဖြင့်ရိုက်နက်ကာ ဖုန်းနှင့်ပိုက်ဆံ လုယက်ခံရ

EPN
ဘိုကလေး ၊ အောက်တိုဘာ ၃

ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့နယ် ၊ကဒုံကနိ-ကြိမ်ချောင်း-ဘိုကလေး ကားလမ်းပေါ်တွင် ကလေးငယ်နှစ်ဦးကို တင်ဆောင်လာသည့် အမျိုးသားတစ်ဦး မောင်းနင်လာသောဆိုင်ကယ်အား အမည်မသိ လူတစ်စုမှ တားပြီးဓားနှင့်ခုတ်တုတ် ဖြင့်ရိုက်နက်ကာ ဖုန်းနှင့်ပိုက်ဆံများလုယက်သွားသည့် ဖြစ်စဉ်တစ်ခု အောက်တိုဘာ ၂ ရက် နေ့လည် ၃ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အသက် ၄၈ အရွယ် ဦးတင်နိုင်ဝင်း သည် အသက် ၈ နှစ်နှင့် ၁၁ နှစ်အရွယ်ကလေးနှစ်ဦးဖြင့်မော်လမြိုင်ကျွန်းမြို့နယ်မှ ဘိုကလေးမြို့နယ်နယ်သို့အသွား ကဒုံကနိ- ကြိမ်ချောင်း- ဘိုကလေး ကားလမ်း မိးသွေးချောင်းတံတားအနီးတွင် အမည်မသိလူ (၅) ဦးမှ ငှက်ကြီးတောင်ဓားများကိုင် ဆောင်ပြီး ဆိုင်ကယ်ကို ရပ်တန့်ခိုင်းကာ ဦးတင်နိုင်ဝင်း တစ်ဦးတည်းကို ဓားဖြင့်ခုတ် တုတ်ဖြင့် ရိုက်နက်ပြီး ဦးတင်နိုင်ဝင်းထံမှပါလာသည့် ပိုက်ဆံ ၃ သိန်းနှင့် ဖုန်း အား လုယက်ခံလိုက်ရခြင်းဖြစ်ကြောင်း သိရသည်။

” အလုပ်ကိစ္စရှိလို့ ကလေး ၂ ယောက်ကလည်း လိုက်ချင်တယ်ဆိုတာနဲ့ ဘိုကလေးဘက်ကို သွားတာ ၊ မီးသွေးချောင်း တံတားအနီးမှာ အခုလို့ဖြစ်တာပဲ ၊ကားလမ်းပေါ် ကနေ အမည်မသိလူ ၅ ဦးက ငှက်ကြီးတောင်ဓားတွေ ကိုင်ပြီး စောင့်နေတာတဲ့ ၊ အသက်တော့ မသေပေမယ့် ပိုက်ဆံနဲ့ ဖုန်း လုယက်ခံရတယ် ၊ ကလေးတွေက ဘာမှမဖြစ်ပါဘူး ၊ ဦးတင်နိုင်ဝင်တစ်ဦးထဲ ဓားနဲ့ခုတ် တုတ်နဲ့ အရိုက်ခံတာ ၊ကလေးတွေကောလူကြီးကော အသက် မသေတာပဲ တော်လှပြီ ”ဟု ဖြစ်စဉ်ကိုကိုယ်တွေ့ကြုံရသူ၏ မိသား စုဝင်တစ်ဦးကပြောသည်။

ဓားဖြင့်ခုတ် ရိုက်နက်လုယက်ခံရသည့် ဦးတင်နိုင်ဝင် သည် ဦးခေါင်တစ်လက်မခွဲခန့်ပြတ်ရှဒဏ်ရာရရှိခဲ့ကာ ဆေးကုသမှုခံယူနေရပြီး မစိုးရိမ်ရကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်နှင့် ပတ်သက်၍ လုယက်ခံရ သည့် မိသားစုများ၏ တိုင်ကြားချက်အရ ပြစ်မှုကျူးလွန်သူ အမည်မသိလူ ၅ ဦးအား ဘိုကလေးမြို့နယ် ၊ကြိမ်ချောင်းကြီးနယ် မြေရဲစခန်းမှ (ပ)၃၁/၂၀၂၂၊ ရာဇသတ်ကြီး ပုဒ်မ (၃၉၇)ဖြင့် အမှူရေးဖွင့်ဆောင်ရွက် ထားပြီး ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း ဘိုကလေးမြို့နယ် ရဲတပ်ဖွဲ့မှ သိရသည်။

သူရ


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။