Trending Now

အစ္စရေးကို လက်နက်လွဲပြောင်းမှု ကြီးကြပ်ကွပ်ကဲနေတဲ့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦး ရာထူးက နုတ်ထွက်

Spread the love

အစ္စရေးကို လက်နက်လွဲပြောင်းမှု ကြီးကြပ်ကွပ်ကဲနေတဲ့ အမေရိကန်အကြီးတန်းအရာရှိတစ်ဦး ရာထူးက နုတ်ထွက်

EPN
နိုင်ငံတကာ၊ အောက်တိုဘာ ၂၀

ဟားမတ်စ်နဲ့ ဆက်လက်ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွင်း အစ္စရေးအပေါ် ဂျိုးဘိုင်ဒင်ရဲ့ “မျက်ကန်းထောက်ခံမှု” ကို ကန့်ကွက်တဲ့အနေနဲ့ လက်နက်လွဲပြောင်းမှု ကြီးကြပ်ကွပ်ကဲနေတဲ့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦး နှုတ်ထွက်ခဲ့ပါတယ်။

နိုင်ငံရပ်ခြားတိုင်းပြည်လက်နက်လွဲပြောင်းမှုတွေကို ကြီးကြပ်ကွပ်ကဲတဲ့ ဗျူရိုမှာ လွတ်တော်နဲ့ ပြည်သူ့ရေးရာ ဒါရိုက်တာအဖြစ် ၁၁ နှစ်ကျော် လုပ်ကိုင်ခဲ့တဲ့ ဂျော့ရှ်ပေါလ်ဟာ ရာထူးက နှုတ်ထွက်ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က ကြေညာခဲ့ပါတယ်။

အစ္စရေးနိုင်ငံကို ဟားမတ်စ်တွေရဲ့ တိုက်ခိုက်မှုဟာ ရက်စက်ကြမ်းကြုတ်မှုတစ်ခုဖြစ်ကြောင်း သူက ပြောကြားခဲ့ပြီး ဒီအတွက် အစ္စရေးရဲ့ တုံ့ပြန်မှုတွေနဲ့ အမေရိကန်ရဲ့ မျက်ကန်းထောက်ခံမှုတွေက အစ္စရေးနဲ့ ပါလက်စတိုင်းပြည်သူတွေတွက် ပိုမိုနက်နဲတဲ့ ဒုက္ခတွေကို ဖြစ်ပေါ်စေလိမ့်မယ်လို့ ပေါလ်က ပြောပါတယ်။

“တကယ်တော့ မျက်ကန်းထောက်ခံမှုဟာ နှစ်ဖက်စလုံးက ပြည်သူတွေရဲ့ အကျိုးစီးပွားအတွက် ရေရှည်မှာ ပျက်ပြားစေပါတယ်။ လွန်ခဲ့တဲ့ဆယ်စုနှစ်တွေတုန်းက ကျွန်တော်တို့လုပ်ခဲ့တဲ့ အမှားတွေကို ထပ်ခါထပ်ခါလုပ်မိမှာကို စိုးရိမ်ပြီး အဲဒါရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် မရှိနေချင်တော့ပါဘူး” လို့ ပေါလ်က ပြောပါတယ်။

ပေါလ်က “ပဋိပက္ခဖြစ်နေတဲ့ နေရာကို လက်နက်တွေပေးပို့ခြင်းအပါအဝင် အဓိကမူဝါဒဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ထောက်ခံဖို့ ကျွန်တော်မလုပ်နိုင်တော့ပါဘူး။” လို့ ပေါလ်က ထည့်သွင်းပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံခြားရေးဌာနက ပေါလ်ရဲ့ နုတ်ထွက်မှုနဲ့ ပတ်သက်လို့ မှတ်ချက်ပေးရန် ငြင်းဆိုခဲ့ပြီး ကိုယ်ရေးကိုယ်တာကိစ္စတွေဖြစ်လို့ မှတ်ချက်ပေးမှာမဟုတ်ဘူးလို့ နိုင်ငံခြားရေးဌာနက ပြောပါတယ်။

Ref; Xinhua


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။