Trending Now

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် အာဆီယံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အမေရိကန်ပြော

Spread the love

မြန်မာနိုင်ငံအနေဖြင့် အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို လုပ်ဆောင်နိုင်ခြင်းမရှိသည့်အတွက် အာဆီယံအဖွဲ့၏ ဆုံးဖြတ်ချက်ကို ထောက်ခံကြောင်း အမေရိကန်ပြော

EPN

နိုင်ငံတကာ၊ မေ ၁၁

မြန်မာနိုင်ငံအနေဖြင့် အာဆီယံအဖွဲ့အစည်း၏ ဘုံသဘောတူညီချက် ၅ ရပ် ကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်း မရှိသည့်အတွက် အာဆီယံ၏ ထိပ်တန်းအဆင့်အစည်းအဝေးများတွင် မြန်မာနိုင်ငံမှ နိုင်ငံရေးနှင့်မပတ်သက်သည့် ကိုယ်စားလှယ်များကိုသာ ဖိတ်ကြားရန် ဆုံးဖြတ်သည့် ဆုံးဖြတ်ချက်ကို အားပေးထောက်ခံကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က ထုတ်ပြန်ကြေညာခဲ့သည်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်ဖော်ဆောင်ရွက်ရန်ပျက်ကွက်ခဲ့ခြင်းနှင့် မြန်မာပြည်သူများ အပေါ် အကြမ်းဖက်မှုနှင့် နှိပ်ကွပ်မှုများကို ဆက်လက်တိုးမြှင့်လုပ်ဆောင်နေခြင်းကြောင့် မကြာမီကျင်းပမည့် အမေရိကန်-အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း အဆိုပါ လမ်းစဉ်ကို ကျင့်သုံးမည် ဖြစ်ပြီးကြောင်း ထည့်သွင်းဖော်ပြထားသည်။

ယင်းအပြင် ဒီမိုကရေစီအရေးလှုပ်ရှားမှုကို ကိုယ်စားပြုသူများနှင့်တကွ သက်ဆိုင်သူများအားလုံးနှင့် ထိတွေ့ဆက်ဆံမှု အဆင်ပြေချောမွေ့စေရန်ဆောင်ရွက်ပေးခြင်း အပါအဝင် ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မြန်ဆန်ဆန်နှင့် ပြည့်ပြည့်ဝဝ အကောင်အထည်ဖော်ဆောင်ရွက်ရန် ဖိအားပေးသည့် အာဆီယံ၏ ကြိုးပမ်းမှုကို အားပေးထောက်ခံကြောင်း ထပ်မံဖော်ပြထားသည်။

ယင်းနောက် မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိစေရေး အကူအညီပေးရန်နှင့် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ကျင်းပပြုလုပ်မည့် အမေရိကန် – အာဆီယံထိပ်သီးအစည်းအဝေးတွင်လည်း မြန်မာ့အရေးထည့်သွင်းဆွေးနွေးရန် မျော်လင့်ကြောင့် နက်ဒ် ပရိုက်စ်က ပြောဆိုထားသည်။

ဝလုံး


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။