Trending Now

ခင်ဦးမြို့နယ် စာသင်ကျောင်းတစ်ခုအတွင်းမှ အကြမ်းဖက် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Spread the love

ခင်ဦးမြို့နယ် စာသင်ကျောင်းတစ်ခုအတွင်းမှ အကြမ်းဖက် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

EPN
မြစ်ကြီးနား၊ မတ် ၂၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ် မြကန်ကျေးရွာအတွင်းမှ အခြေခံပညာမူလတန်းကျောင်းအတွင်းမှ အကြမ်းဖက် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် လက်လုပ်စိန်ပြောင်း၊ လက်လုပ်မိုင်းများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနသတင်းထုတ်ပြန်ထားသည်။

အဆိုပါ ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ရာတွင် အသုံးပြုသည့် ပစ္စည်းများကို မတ်လ ၂၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်မှာ မူလတန်းကျောင်းအတွင်းမှ သိမ်းဆည်းရမိခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

သိမ်းဆည်းရမိခဲ့သည့် လက်လုပ်စိန်ပြောင်း ၁၀ လက်၊ လက်လုပ်ရှေ့ ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၃ လုံး၊ ၁၂ ဗို့ကျည် ၂၂ တောင့်၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ကျည်ကာ အင်္ကျီတွင်ထည့်သောသံပြား ၂ ချပ်၊ ဆိုင်ကယ်ဘက္ထရီအိုး ၂ လုံး နှင့် အခြားဆက်စပ်ပစ္စည်းများကို လုံခြုံရေးအဖွဲ့ဝင်များက စနစ်တကျ ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။

နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်၍ အကြမ်းဖက်ပစ်ခတ် တိုက်ခိုက်ဖောက်ခွဲရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် အကြမ်းဖက်သမားများအား ဖမ်းဆီးရမိနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကေကေ

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။