Trending Now

ဆွတ်အောင်ကျေးရွာတွင် လူငယ် ၄ဦး ဦးခေါင်းသေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့်အလောင်းများတွေ့ရှိ

Spread the love

ဆွတ်အောင်ကျေးရွာတွင် လူငယ် ၄ဦး ဦးခေါင်းသေနတ်ဒဏ်ရာဖြင့်သေဆုံးနေသည့်အလောင်းများတွေ့ရှိ

EPN
မြစ်ကြီးနား၊ ဇွန်လ ၁

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိတ်မူကျေးရွာအုပ်စု ဆွတ်အောင် ကျေးရွာတွင် လူငယ်၄ ဦး ဦးခေါင်းသေနတ်ဒဏ်ရာဖြင့် လက်ပြန်ကြိုးတုတ်ကာ သတ်ဖြတ်ခံထားရသည့် အလောင်းများ ကို ယနေ့ ဇွန်လ ၁ ရက်နေ့ နံနက် ၆နာရီခွဲခန့်က တွေ့ရှိခဲ့ကြောင်းသိရသည်။

လူငယ်လေးဦးမှာ ဆွတ်အောင်ကျေးရွာရှိ အမှိုက်များပုံရာ တံတားအောက်တွင် လက်ပြန်ကြိုးတုတ်ကာ ဦးခေါင်းတည့်တည့် သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေကြသည့်ကို တွေ့မြင်ခဲ့ရကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။

” မနက်က တံတားနားကနေဖြတ်သွားရင်းနဲ့ ဒေသခံတစ်ဦးကတွေ့တယ်ပြောတယ်၊ လူငယ်တွေကတော့ တော်တော်လေးကို ရုပ်ပြတ်ဆင်းပြတ်ဒဏ်ရာတွေ ၊ လက်ကိုလဲ နောက်ပြန်ကြိုးတုတ်ပြီး ခေါင်းမှာက သေနတ်ဒဏ်ရာ တစ်ချက်စီနဲ့ သေဆုံးနေတာကိုတွေ့မြင်ရတယ်၊” ဟု ၎င်းကပြောသည်။

အဆိုပါ သေဆုံးနေသည့်အလောင်းများကို ဖားကန့်မြို့နယ် ပြည်သူဆေးရုံကြီးကိုပို့ဆောင်ရန် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် လူမူကူညီရေးအဖွဲ့များထံအကြောင်းကြားပြီးဖြစ်ကြောင်းသိရသည်။

ဖားကန့်မြို့နယ်တွင် အလားတူ လူသတ်ဖြတ်ကာ အလောင်းအားစွန့်ပစ်သည့် ဖြစ်စဥ်များမကြာခဏဖြစ်ပွားလေ့ရှိပြီး မေလ၂၁ ရက်နေ့ကလည်း သမီးရည်းစားတစ်တွဲချိန်းတွေ့နေစဥ် ဓားဖြင့်ခုတ်သတ်ကာ လုယက်သွားခဲ့ကြောင်းသိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။