Trending Now

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခြောက်ကြိမ်မြောက် မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ လူပေါင်း ၂၀၀၀ နီးပါ အိုးမဲ့အိမ်မဲ့ဖြစ်

Spread the love

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ရိုဟင်ဂျာဒုက္ခသည်စခန်းတွင် ခြောက်ကြိမ်မြောက် မီးလောင်ကျွမ်းမှုကြောင့် ကလေးငယ်တစ်ဦးသေဆုံးကာ လူပေါင်း ၂၀၀၀ နီးပါ အိုးမဲ့အိမ်မဲ့ဖြစ်

EPN
နိုင်ငံတကာ၊ မတ် ၁၁

ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်းရှိ ရိုဟင်ဂျာဒုက္ခသည်စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ ခြောက်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး လူပေါင်း ၂၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ကြောင်း တာဝန်ရှိသူများနှင့် မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အဆိုပါ မီးလောင်မှုကျွမ်းမှုသည် ကော့ဘဇားနယ်စပ်ခရိုင် ကော့ဘဇားမှာရှိသည့် ဒုက္ခသည်စခန်းအတွင်းပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဒုက္ခသည်အများစုသည် ၂၀၁၇ ခုနှစ်အတွင်း အိမ်နီးချင်း မြန်မာနိုင်ငံက ထွက်ပြေးခဲ့သည့် မွတ်ဆလင်ရိုဟင်ဂျာ ဒုက္ခသည်များဖြစ်သည်ဟု ဆိုသည်။

အဆိုပါမီးလောင်ကျွမ်းမှုသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းတွင် ခြောက်ကြိမ်မြောက် မီးလောင်မှုဖြစ်ကြောင်း တာဝန်ရှိသူများနှင့် ကယ်ဆယ်ရေးဝန်ထမ်းများက ပြောကြားခဲ့သည်။

မီးလောင်ကျွမ်းမှုကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် မိသားစုအချို့သည် ဆွေမျိုးများထံတွင် ခိုလုံနေပြီး ဆွေမျိုးမရှိသူများကို အခြားစခန်းတစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်ဟု Save the Children က ပြောသည်။

ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းကလည်း ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွင် မီးအကြီးအကျယ်လောင်ကျွမ်းခဲ့ပြီး အမိုးအကာပေါင်း ၁၂၀၀ ပျက်စီးခဲ့ပြီး လူပေါင်း ၅၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်းသိရသည်။

ဒုက္ခသည်များဆိုင်ရာ တာဝန်ခံ ဘင်္ဂလားဒေ့ရှ် အစိုးရ အရာရှိ မိုဟာမက် ဒိုဇာ က နာရီများစွာကြာပြီးနောက် မီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း ပြောကြားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းရင်းကို ချက်ချင်းမသိရသေးကြောင်း ၎င်းက ဆက်လက်ပြောသည်။

“ကံမကောင်းစွာနဲ့ပဲ ကလေးတစ်ယောက် သေဆုံးသွားခဲ့ပါတယ်။ အိမ်ခြေ ၃၀၀ ကျော် မီးလောင်ကျွမ်းခဲ့ပါတယ်” ဟု ၎င်းက ရိုက်တာ သတင်းဌာနသို့ ပြောကြားခဲ့သည်။

ပြီးခဲ့သောမတ်လအတွင်းကလည်း ကော့ဘဇားရှိ အခြားဒုက္ခသည်အခြေချနေထိုင်ရာ စခန်းတစ်ခုတွင် မီးလောင်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး ဒုက္ခသည် ၁၅ ဦး သေဆုံးပြီး တဲအိမ်ပေါင်း ၁၀၀၀၀ ကျော် ပျက်စီးဆုံးရှုံးခဲ့သည်။

Source – aljazeera


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။