Trending Now

နိုင်ငံကူးလက်မှတ်(Passport) ပြုလုပ်ခွင့် အားလုံး ယနေ့မှစ၍ ယာယီရပ်ဆိုင်း

Spread the love

နိုင်ငံကူးလက်မှတ်(Passport) ပြုလုပ်ခွင့် အားလုံး ယနေ့မှစ၍ ယာယီရပ်ဆိုင်း
EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၁၇
အလုပ်ခေါ်စာဖြင့် စေလွှတ်မည့် အလုပ်သမားများအပါအဝင် နိုင်ငံကူးလက်မှတ်(Passport)ပြုလုပ်ခွင့်အားလုံးကို ယနေ့ ဇန်နဝါရီ ၁၇ ရက်နေ့မှ စတင်၍ ယာယီရပ်ဆိုင်းလိုက်ကြောင်း မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်(MOEAF)က အသိပေးထုတ်ပြန်ထားသည်။
ယခင်က သာမန်နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းများကို ရပ်ဆိုင်းထားသော်လည်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ခွင့်ပြုချက်ဖြင့် စေလွှတ်မည့် အလုပ်သမားများအတွက် နိုင်ငံကူးလက်မှတ်လျှောက်ထားခြင်းကို Green Channel ဖြင့် ဆောင်ရွက်ခွင့်ရရှိခဲ့ကြောင်း ဖော်ပြထားသည်။
သို့သော်လည်း ဇန်နဝါရီလ ၁၇ ရက်နေ့မှ စတင်၍ နိုင်ငံကူးလက်မှတ်ပြုလုပ်ခွင့်အားလုံး ယာယီရပ်ဆိုင်းလိုက်ခြင်းကြောင့် Green Channel ဖြင့် Passport ပြုလုပ်ခြင်း၊ နိုင်ငံကူးလက်မှတ် လျှောက်ထားရန် အမည်စာရင်းပေးပို့ခြင်းများကိုလည်း ယာယီရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။
ကေကေ
No photo description available.

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။