Trending Now

နမ့်မှော်ကျေးရွာရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် ကမ်းပါးပြိုကျရာမှကျောက်ရှာဖွေသူ လေးဦးသေဆုံး

Spread the love

နမ့်မှော်ကျေးရွာရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် ကမ်းပါးပြိုကျရာမှကျောက်ရှာဖွေသူ လေးဦးသေဆုံး

EPN
မြစ်ကြီးနား၊ ဇန်နဝါရီ ၃၀

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ နံနက် ၉ နာရီခန့်က နမ့်မှော်ကျေးရွာရှိ လုပ်ကွက်ဟောင်းတစ်ခုတွင် ကမ်းပါးပြိုကျရာမှ ကျောက်ရှာဖွေသူ ရေမဆေးသမား ၄ ဦး သေဆုံးခဲ့ကြောင်းဒေသခံများထံမှ သိရသည်။

အဆိုပါ ရေမဆေးကျောက်ရှာဖွေသူ ၄ ဦးမှာ အဲဗားကျောက်စိမ်းလုပ်ကွက်ဟောင်းအတွင်း ကျောက်ရှာဖွေနေစဥ် ၎င်းတို့၏ အပေါ် ပေ ၁၅၀ ခန့်အမြင့်ပိုင်းမှကမ်းပါး ပြိုကျလာကာ မြေပိပြီး သေဆုံးသွားခဲ့ကြောင်း အနီးအနားရှိ ဒေသခံတစ်ဦးကပြောသည်။

“သူတို့က ကမ်းပါးအောက်မှ တူးနေကြတာ၊ အမြင့်က ခန့်မှန်း ပေ ၁၅၀ လောက်ကနေ မြေပြိုကျတာ၊ အောက်မှာတူးနေတဲ့ ရေမဆေးသမား ၄ ဦး အပေါ်ကျပြီး သေဆုံးသွားတာ၊ အရင်ဆုံး ၁ ယောက်ကို ချက်ချင်းရှာဖွေနိုင်ပြီး၊ ကျန်တဲ့ ၃ ယောက်က လူမှုကူညီရေးအဖွဲ့တွေ ပေါင်းရှာလို့တွေ့ခဲ့တာ၊ ” ဟု ၎င်းက ဆိုသည်။

သေဆုံးသူများမှာ အသက် ၃၅ နှစ် ပတ်ဝန်းကျင် အရွယ်ရှိ ကိုဇော်မြင့်၊ ကိုဇော်ဇော်အောင်၊ ကိုမောင်မောင်မြင့် နှင့် ကိုအရှည်ကြီး ဆိုသူတို့ဖြစ်ကြကာ ယင်းအမျိုးသား ၄ ဦး၏ ရုပ်အလောင်းများကို မိသားစုများထံ ဆက်သွယ်အပ်နှံနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အလားတူ ၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ကလည်း မိုးကာကျေးရွာအနီး မြေစာပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂ ဦး သေဆုံးခဲ့ရကြောင်း သိရသည်။

ဗညားနွဲ့

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။