Trending Now

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ (အောက်တိုဘာ ၁၀ – ၂၀၂၃)

Spread the love

အစ္စရေး-ဟားမတ်စ် စစ်ပွဲ အဓိကဖြစ်ရပ်များ (အောက်တိုဘာ ၁၀ – ၂၀၂၃)

EPN

နိုင်ငံတကာ၊ အောက်တိုဘာ ၁၀

အစ္စရေးက ဂါဇာကမ်းမြောင်ဒေသကို ညလုံးပေါက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အဆိုပါတိုက်ခိုက်မှုဟာ ဂါဇာအတွင်းမှာ ပြုလုပ်ခဲ့သမျှထဲက အကြီးဆုံးတိုက်ခိုက်မှုဖြစ်တယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြှောင်ဒေသအတွင်းကို အစားအစာနဲ့ လောင်စာဆီ အပါအဝင် အလုံးစုံပိတ်ဆို့အရေးယူမှုတွေ ချမှတ်သွားမယ်လို့ အစ္စရေးက ပြောကြားခဲ့ပါတယ်။လူဦးရေ ငတ်မွတ်စေရန် ရည်ရွယ်ချက်နဲ့ ပိတ်ဆို့အရေးယူမှုဟာ ကုလသမဂ္ဂ ဥပဒေအရ စစ်ရာဇဝတ်မှုအဖြစ် သတ်မှတ်ထားပါတယ်။

နှစ်ဘက် ကျန်းမာရေးအရာရှိတွေရဲ့ အဆိုအရ ဂါဇာမှာ ပါလက်စတိုင်း ၆၈၇ ဦးသေဆုံးခဲ့ပြီး အစ္စရေးမှာ သေဆုံးသူ ၉၀၀ ကျော်အထိရှိတယ်လို့ သိရပါတယ်။

လက်ဘနွန်တောင်ပိုင်းနယ်စပ်တိုက်ပွဲအတွင်းမှာ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား လေးဦးသေဆုံးခဲ့ပြီး တိုက်ပွဲတစ်ခုအတွင်းမှာ အစ္စရေးလက်ထောက်တပ်မှူးတစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က အစ္စရေးအတွက် စည်းလုံးညီညွှတ်တဲ့ စုရုံးမှုမှာ ပါဝင်ခဲ့ပြီး သူ့နိုင်ငံမှာဖြစ်ပွားခဲ့တဲ့ ဟားမတ်စ်ကို ထောက်ခံတဲ့ ဆန္ဒပြပွဲတွေကို ရှုတ်ချလိုက်ပါတယ်။

အမေရိကန် အိမ်ဖြူတော် နဲ့ ဆစ်ဒနီ အော်ပရာဟောက်စ်တို့က အစ္စရေးကိုထောက်ခံတဲ့အနေနဲ့ အစ္စရေးအလံကိုကိုယ်စားပြုတဲ့ အပြာရောင်နဲ့ အဖြူရောင်မီးတွေကို အသုံးပြုပြီး အစ္စရေးကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

ကနေဒါနိုင်ငံမှာ ပါလက်စတိုင်းအလံတွေကို ကိုင်ဆောင်ထားတဲ့ လူပေါင်း ၁၀၀၀ ကျော်ဟာ အလံတွေကို ဝှေ့ယမ်းပြီး ပါလက်စတိုင်းကို ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

အလားတူပဲ ကနေဒါနိုင်ငံမှာ အစ္စရေးကိုထောက်ခံတဲ့ လူပေါင်းထောင်နဲ့ချီဟာလည်း အစ္စရေးအလံတွေကို ကိုင်ဆောင်ပြီး ထောက်ခံကြောင်း ပြသခဲ့ကြပါတယ်။

အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးဌာနက အစ္စရေးနဲ့ ပါလက်စတိုင်း နယ်မြေတွေက နိုင်ငံသားတွေကို အဲဒီနေရာတွေကို ချက်ချင်း ထွက်ခွာဖို့ တိုက်တွန်းလိုက်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း အစုလိုက်အပြုံလိုက် ရွှေ့ပြောင်းမှုတွေ မြင့်တက်လာခဲ့ပြီး ပါလက်စတိုင်း ၁၈၇,၅၁၈ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှု ကယ်ဆယ်ရေးအေဂျင်စီက ပြောကြားခဲ့ပါတယ်။

အီရန်ကို အစ္စရေး-ဟားမတ်စ်စစ်ပွဲမှာ ပါဝင်ခြင်းမပြုလုပ်ဖို့ အမေရိကန် ထိပ်တန်းဗိုလ်ချုပ်ကြီးက သတိပေးခဲ့ပြီး ပဋိပက္ခ ပိုမိုကျယ်ပြန်.လာမှာကို မလိုလားကြောင်း ပြောကြားခဲ့ပါတယ်။

“အစ္စရေးဟာ စစ်ပွဲနဲ့ ရင်ဆိုင်နေရပါတယ်။ ကျွန်တော်တို့က ဒီစစ်ပွဲကို စတင်ခဲ့တာမဟုတ်ပါဘူး အကြမ်းဖက်သမားတွေက အတင်းအကြပ်စေခိုင်းခဲ့တာပါ။ ဘာပဲဖြစ်ဖြစ် အစ္စရေးက ဒီစစ်ပွဲကို အဆုံးသတ်သွားမှာပါ” လို့ အစ္စရေးဝန်ကြီးချုပ် တန်နေရာဟုက ပြောကြားခဲ့ပါတယ်။

ထိုင်းနိုင်ငံသား ၁၂ ဦးထက်မနည်း အပါအဝင် နိုင်ငံခြား နိုင်ငံသား ဒါဇင်ပေါင်းများစွာ ပဋိပက္ခအတွင်း သေဆုံးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။

အစ္စရေး-ဟားမတ်စ် စစ်ပွဲအတွင်း သေဆုံး၊ ပျောက်ဆုံး နိုင်ငံခြားသားများ
===================================================
– ထိုင်းနိုင်ငံသား ၁၂ ဦးသေဆုံးပြီး ဓားစာခံ ၁၁ ဦး
– အမေရိကန် ၁၁ ဦး သေဆုံးပြီး အခြား ပျောက်ဆုံးနေ
– နီပေါ ၁၀ ဦးသေ
– အာဂျင်တီးနား ၇ ဦး သေဆုံးပြီး ၁၅ ဦး ပျောက်ဆုံး
– ယူကရိန်း ၂ ဦး သေဆုံး
– ပြင်သစ် ၂ ဦး သေဆုံးပြီး ၁၄ ဦး ပျောက်ဆုံး
– ရုရှား- ၁ ဦး သေဆုံးပြီး ၄ ဦး ပျောက်ဆုံး
– ယူကေ- ၁ ဦး သေဆုံး၊ ၁ ဦး ပျောက်ဆုံး
– ကနေဒါ- ၁ ဦး သေဆုံးပြီး ၃ ဦး ပျောက်ဆုံး
– ကမ္ဘောဒီးယား ၁ ဦးသေဆုံး
– ဂျာမနီ- ဓားစာခံအရေအတွက် မသိရ
– ဘရာဇီး- ၃ ဦး ပျောက်ဆုံးနေ
– ချီလီ- ၂ ဦး ပျောက်ဆုံးနေ
– အီတလီ- ၂ ဦး ပျောက်ဆုံးနေ
– ပါရာဂွေး- ၂ ဦး ပျောက်ဆုံးနေ
– ပီရူး- ၂ ဦး ပျောက်ဆုံးနေ
– တန်ဇန်းနီးယား- ၂ ဦး ပျောက်ဆုံးနေ
– မက္ကဆီကို- ဓားစာခံ ၂ ဦး
– ကိုလံဘီယာ- ဓားစာခံ ၂ ဦး
– ဖိလစ်ပိုင်- ဓားစာခံ ၁ ဦး၊ ၆ ဦး ပျောက်ဆုံး
– ပနားမား- ၁ ဦး ပျောက်ဆုံးနေ
-အိုင်ယာလန်- ၁ ဦး ပျောက်ဆုံးနေ

ဆော်ဒီအာရေဗျက ပါလက်စတိုင်းတို့ဘက်ကနေ ဆက်လက်ရပ်တည်နေတယ်လို့ သိရပါတယ်။

ပူးတွဲကြေညာချက်မှာ အမေရိကန်နဲ့ အခြားဥရောပအင်အားကြီးနိုင်ငံတွေက အစ္စရေးရဲ့ “မိမိကိုယ်ကိုခုခံကာကွယ်ရန်” ကြိုးပမ်းမှုကိုထောက်ခံခဲ့ကြပါတယ်။

လက်ရှိအချိန်မှာ အစ္စရေးက လက်ဘနွန်လက်နက်ကိုင် ဟစ်ဇဘိုလာနဲ့ ဂါဇာလက်နက်ကိုင် ဟားမတ်စ်တို့နဲ့ စစ်ပွဲဆင်နွဲနေပြီး တိုက်ခိုက်မှုတွေကို တုံ့ပြန်ဖို့ အစ္စရေးစစ်တပ်က အသင့်ဖြစ်နေပြီလို့ အစ္စရေး ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

Ref; aljazeera
vide- crd

Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။