Trending Now

ကောလင်းမြို့၌ တစ်ရက်တည်း မူးယစ်ဆေးဝါး နှစ်မှုဆက်တိုက် ဖမ်းဆီးရမိ

Spread the love

ကောလင်းမြို့၌ တစ်ရက်တည်း မူးယစ်ဆေးဝါး နှစ်မှုဆက်တိုက် ဖမ်းဆီးရမိ

EPN
ကောလင်း မတ်၂၉

စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးရောင်းဝယ်၊ သုံးစွဲမှုလျော့ချနိုင်ရေးအတွက် ကောလင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အုံးလွင်သည် အထူးစီမံချက်‌ရေးဆွဲကာ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး မျိုးသူ၊ နယ်ထိန်းတပ်ဖွဲ့ဝင်များနှင့်အတူ မတ်လ ၂၈ ရက် နေ့လည်ပိုင်းတွင် မူးယစ်ဆေးဝါးအမှု နှစ်မှုဆက်တိုက် ဖမ်းဆီးအရေးယူဆောင်ရွက်နိုင်ခဲ့သည်ဟု မြို့မရဲတပ်ဖွဲ့စခန်းမှ သိရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးရောင်းချနေသည်ဟု သတင်းရရှိ၍ နယ်ထိန်းခေတ္တခေါင်းဆောင် ဒုရဲအုပ် သက်ဇော်ဦး၊ တပ်ကြပ်ကြီး ရွှေဇင်အောင်၊ ဒုတပ်ကြပ် ရန်မျိုးနိုင်၊ ညီညီဝင်းထက်နှင့် အသိသက်သေများသည် မတ်လ ၂၈ ရက် နေ့မွန်းလွဲ (၁)နာရီက ကောလင်းမြို့နယ်၊ ကြို့ပင်ကျေးရွာအနောက်ဖက် ဇီးတောအတွင်း မူးယစ်ဆေးဝါး ရောင်းချနေသည်ဟု သတင်းရရှိသဖြင့် သွားရောက်ရှာဖွေရာ ရွာကုန်းကြီးကျေးရွာနေထိုင်သူ ကျော်ရွှေအား ဇီးတောအတွင်း မန်ကျီးပင်အောက်တွင် အသင့်တွေ့ရှိပြီး ၎င်းကိုရှာဖွေရာ အင်္ကျီအိတ်ကပ်အတွင်းမှ ဘိန်းဖြူ (ဝ.၂)ဂရမ်ပါ ပင်နယ်စလင် (၄)လုံး၊ မန်ကျီးပင်အောက်မြေကြီးထဲမြှုပ်ထားသော ဘိန်းဖြူ (ဝ.၁)ဂရပ်ပါ ပင်နယ်စလင် (၂)ပုလင်းတို့ကို အသိသက်သေများရှေ့တွင် သိမ်းဆည်းရမိသည်။

ဆက်လက်၍ ညောင်ပင်ရိုးကျေးရွာဘက်မှ လမ်းလျှောက်ပြန်လာသော ကြို့ပင်ကျေးရွာနေထိုင်သူ ဇော်ထွန်းအားအသင့်တွေ့ရှိ၍ ရပ်တန့်ရှာဖွေရာ ၎င်း၏လက်ထဲမှ LOVE IS FLOWER စာတန်းပါ အနီရောင်ဆပ်ပြာခွက်အတွင်းမှဘိန်းဖြူမှုန့် (၁၀)ဂရမ်ပါ ပလပ်စတစ်အိတ် တစ်အိတ်ကို ဖမ်းဆီးရမိသည်။

အဆိုပါ အမှုဖြစ်စဉ်နှင့်ပတ်သက်၍ မူးယစ်ဆေးဝါးလက်ဝယ်တွေ့ရှိသော ကျော်ရွှေ (၅၇)နှစ် (ဘ) ဦးခင်မောင် ရွာကုန်းကြီးရွာ ကျွန်းလှမြို့နယ်၊ ဇော်ထွန်း (၅၀)နှစ် (ဘ) ဦးတင်ရွှေ ကြို့ပင်ကျေးရွာ ကောလင်းမြို့နယ် နေထိုင်သူတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဥပဒေအရ အမှုဖွင့်၍ ကောလင်းမြို့မ ရဲစခန်းတွင် ဖမ်းဆီးအရေးယူဆောင်ရွက်ထားပြီး တရားရုံးသို့တရားစွဲတင်နိုင်ရေးအတွက် စစ်ဆေး ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကောလင်းမြို့နယ်အတွင်း မူးယစ်ဆေးဝါးဖမ်းဆီးရမိမှုများမှာ (၂)ရက်လျှင် (၁)မှုနှုန်း ဖမ်းဆီးရမိနေသည်ဟု မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မျိုးသူက ပြောသည်။

ဗန်းမော်သုခမိန်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။