Trending Now

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင်လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမည်

Spread the love

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာနတွင်လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးသွားမည်

EPN
မြစ်ကြီးနား၊ မတ် ၄ (‌၂၀၂၄)

မြစ်ကြီးနားမြို့၊ မြို့မရပ်ကွက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community Centre) တွင် လက်ဆောင်ပန်းခြင်း အလှဆင်နည်း သင်တန်းကို မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့ နှစ်ရက်တာ အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ ဒေသခံပြည်သူများ အလုပ်ကိုင်၊ အခွင့်လမ်းရရှိစေရန် ရည် ရွယ်ပြီး လူမှုဝန်ထမ်းဦးဌာန တာဝန်ခံများ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးဌာန အဖွဲ့များ၊ ကချင်ပြည်နယ် စာကြည့်တိုက်ဖောင်ဒေးရှင်းများနှင့် စေတနာရှင် အတတ်ပညာရှင်များ ပူးပေါင်းပါဝင်ပြီး သင်တန်းကို အခမဲ့ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း လူထုအခြေပြုဗဟိုဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

“ အခုလို သင်တန်းဖွင့်လှစ်ပေးရတာကတော့ ဒေသခံ ပြည်သူတွေ အလုပ်အကိုင်၊ အခွင့်အလမ်းများ ရရှိစေ ရန်ဆိုပြီး ဖွင့်လှစ်ပေးရတာပါ။ အခုချိန်က ပွဲတွေမှာ အသုံးလိုတာဆိုတော့ တတ်ထားရင် ပိုကောင်းတာပေါ့။ ဘုရား ကျောင်းတွေ၊ အခမ်းအနား ပွဲတွေမှာ အသင်းအဖွဲ့တွေနဲ့ လုပ်နိုင်အောင်ဆိုပြီး သင်တန်းကြေးလည်း အခမဲ့ပဲ။ ဒါကြောင့် တက်ချင်တဲ့သူတိုင်း လာတက်လို့ရပါတယ်” ဟု ၎င်းကဆိုသည်။

အဆိုပါ သင်တန်းတွင် မွေးနေ့/အမှတ်တရနေ့များအတွက် လက်ဆောင် ပန်းစည်း ပြုလုပ်နည်း၊ သတို့သမီး လက်ကိုင်ပန်း၊ ရင်ကပ်ပန်းများ ပြုလုပ်နည်း၊ ပွဲများဉ အခမ်းအနားများတွင် ပန်းအလှပြင်နည်း၊ ပန်းများ၏ အခြေခံသဘောတရားများ၊ ထိန်းသိမ်းနည်း၊ ပန်းထိုးသည့် အခြေခံ အကြောင်းအရာများအပြင် အဆင့်မြင့် ပန်းအလှဆင်နည်းများတို့ကို စာတွေ့လက်တွေ့ဖြင့် သင်ကြားပေးသွားမည်ဖြစ်ပြီး၊ အသက်အရွယ်အားဖြင့် ကန့်သတ်မှုမရှိသော်လည်း လူဦးရေအားဖြင့် (၃၀)ဦးအထိ ကန့်သတ်ထားသည့်အတွက် ၀၉- ၂၆၆၅၉၄၉၅၆ သို့ဆက်သွယ်ကာ လူထုအခြေပြုဗဟိုဌာနသို့ လာရောက် သင်ကြားနိုင်ကြောင်း သိရသည်။

မြစ်ကြီးနားမြို့ လူထုအခြေပြု ဗဟိုဌာန (Community Centre) အနေဖြင့် ယခုနှစ် (၂၀၂၄)ခုနှစ်တွင် အခမဲ့သင်တန်း (၆)ကြိမ်မြောက် ဖွင့်လှစ်ခဲ့ပြီး၊ အဆိုပါ ပန်းအလှဆင်နည်းသင်တန်း ပြီးဆုံးပါက အင်္ဂလိပ်စာ (Grammar)သင်တန်းနှင့် ကွန်ပြူတာသင်တန်းကိုလည်း အခမဲ့ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သံလွင်


Spread the love
error: ဤ website မှ အကြောင်းအရာများကို ကူးယူခွင့်မပြုပါ။